လာမယ့် ဇွန်လ ၃ ရက်မှာ စတင်တော့မယ့် AYA Tri-Nation Cup ပြိုင်ပွဲကို မြန်မာအမျိုးသမီး အသင်းရဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း လွဲချော်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန် ကြေညာထားပါတယ်။
.
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ အဓိက တိုက်စစ်မှူး
ဝင်းသိင်္ဂီထွန်းက ပဏာမ လူစာရင်းမှာ ရွေးချယ် ခံထားရပေမယ့်လည်း လတ်တလော ကြုံတွေ့နေရတဲ့
ကျန်းမာရေး အခြေအနေကြောင့် အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ အနားယူနေရတာပါ။
.
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဆရာဝန်ရဲ့ ပြောဆိုချက်အရတော့
ဝင်းသိင်္ဂီထွန်းက ဒဏ်ရာကြောင့် နားနေရတာမျိုး မဟုတ်ဘဲ အသေးစား
ခွဲစိတ်မှု တစ်ခု ခံယူထားရတာကြောင့် ပြန်လည်သက်သာစေဖို့ တစ်လလောက် အနားယူ ရဦးမယ်လို့
သိရတာပါ။
.
ဝင်းသိင်္ဂီထွန်း မပါနိုင်တဲ့ အခြေအနေကြောင့် မြန်မာအမျိုးသမီး အသင်းရဲ့
တိုက်စစ်မှာ မေထက်လူနဲ့ ဇွန်မိုးပြည့် တို့က ကစားကြရဖို့ ရှိနေပြီး ပရိသတ်တွေကတော့
မေထက်လူရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ အသင့် ပြင်နေကြပါတယ်။
.
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက AYA Tri-Nation Cup ပြိုင်ပွဲအဖြစ် ဇွန်လ ၃ ရက်မှာ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန်လ ၉ ရက်မှာ
ထိုင်းအသင်း တို့နဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။
.
#KBZTai #Shan #Football #AYATriNationCup

No comments:
Post a Comment