❏ တောင်ကြီးတွင် ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက် သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Comments system

Photo of three cats

Wednesday, April 29, 2026

❏ တောင်ကြီးတွင် ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက် သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ညပိုင်းက ယောက္ခထီးက သားမက်ဖြစ်သူကို ဓားဖြင့်ထိုး၍ သားမက်ဖြစ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ရေမဲလမ်းရှိ ထမင်းဆိုင်တစ်ခုတွင် ထမင်းဟင်းရောင်းချသည့် အမျိုးသမီး တစ်ဦးသည် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ထမင်းဟင်းရောင်းချပြီး ဆိုင်သိမ်းကာ နေအိမ်သို့ ပြန်စဉ် မြို့မရပ်ကွက်၊ ရေမဲလမ်းထိပ်တွင် ခင်ပွန်းဖြစ်သူ မိုးထက်ဝင်းအား စောင့်ဆိုင်းနေခိုက် ၎င်း၏ဖခင် ဖြစ်သူ ဦးထွန်းဝေ ရောက်ရှိလာပြီး ခင်ပွန်း မိုးထက်ဝင်းအား အသင့်ယူဆောင်လာသည့် မီးဖိုချောင်သုံး ဓားဖြင့် ဝမ်းဗိုက်အား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဓားထိုးမှုကြောင့် မိုးထက်ဝင်းတွင် ဝမ်းဗိုက်ယာဘက် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိပြီး တောင်ကြီး မြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေစဉ် ယနေ့ ဧပြီလ ၂၉ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ရရှိဒဏ်ရာများဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

သေဆုံးသူ၏ ဇနီးဖြစ်သူ ပြောကြားချက်အရ ခင်ပွန်းဖြစ်သူ မိုးထက်ဝင်းနှင့် ဖခင်ဖြစ်သူ ဦးထွန်းဝေ တို့သည် လွန်ခဲ့သော တစ်နှစ်ခန့်က အပြန်အလှန် စကားများခဲ့ဖူးသည့်အပေါ် မကျေနပ်၍ မိုးထက်ဝင်းအပေါ် ယခု ကဲ့သို့ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖခင်ဖြစ်သူအား အရေးယူပေးရန် တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းသို့ ကမ္ဘောဇတိုင်းက သွားရောက်တွေ့ဆုံ မေးမြန်းရာ စခန်းမှူးမှာ အပြင်သွားနေသဖြင့် တွေ့ခွင့်မရခဲဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အမှုစစ်ဆေးနေဆဲဖြစ်၍ ပြော၍ မရကြောင်း ပြောဆိုခဲ့သည်။

.

ယင်းအမျိုးသား မိုးထက်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages