အကျဉ်းထောင်၊
အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/သူ ၁၅၀၈ ဦးကို “နောက်တစ်ကြိမ်
ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ
ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုကြောင်း
ယနေ့ ဧပြီလ ၃၀ ရက် (ကဆုန်လပြည့်နေ့)တွင် သမ္မတရုံးက ထုတ်ပြန်သည်။
.
ထို့အတူ နိုင်ငံခြားသား
အကျဉ်းသား/သူ ၁၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည့်အပြင်
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား/သူ ပြစ်ဒဏ်ကျခံလျက်
ရှိသော အကျဉ်းသား/သူများကို ယင်းတို့ ကျခံရန် ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်
ပြုခဲ့ကြောင်းလည်း သိရသည်။
.
ပြီးခဲ့သည့်
ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်)နေ့ကလည်း အကျဥ်းသား/သူ ၄၃၃၅ ဦးနှင့်
နိုင်ငံခြားသား အကျဥ်းသား/သူ ၁၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
ပြုခဲ့ပြီး ကျန် အကျဉ်းသား/သူများကို ယင်းတို့ ကျခံရန် ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို
လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။
.

No comments:
Post a Comment