နာမည်ကျော် ရက်ပ်ပါတွေထဲက တစ်ယောက် ဖြစ်တဲ့ ဒရိတ်ခ်ကတော့ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ဆုဖလားရမယ်လို့ လောင်းမိတာကြောင့် ဒေါ်လာ ၁ သန်း ရှုံးသွားခဲ့ပါပြီ။
.
ဒရိတ်က အာဆင်နယ်အသင်းအနေနဲ့ PSG ကို
အနိုင်ရလိမ့်မယ်လို့ လောင်းကြေးထပ်ခဲ့တာ ဖြစ်ပြီး ဒရိတ်ရဲ့ လောင်းကြေးကို
ကြားလိုက်ရတဲ့နောက် အာဆင်နယ်ပရိသတ်တွေက စိုးရိမ်မှုတွေ တိုးလာခဲ့ကြပါတယ်။
.
အကြောင်းကတော့ သူတို့ဆီမှာ နာမည်ကြီးနေတဲ့ ဒရိတ်ခ်ကျိန်စာ ဆိုတဲ့ အစဉ်အလာကြောင့်ပါပဲ။
ဒရိတ်က လောင်းကစားနဲ့ ပတ်သက်လာရင် လုံးဝကို ကံမပါသူ ဖြစ်ပြီး သူလောင်းတဲ့
လက်ဝှေ့ပွဲတွေ၊ ဘောလုံးပွဲတွေ ဆိုရင် နိုင်တယ်ဆိုတာ မကြားဖူးသလောက်ပါ။
.
ဒရိတ်ခ်က ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အာဂျင်တီးနား
နိုင်မယ်ဆိုတဲ့ဘက်ကနေ ဒေါ်လာ ၁ သန်း လောင်းခဲ့ဖူးပြီး
လောင်းကြေး ရှုံးခဲ့ဖူးတာပါ။ အာဂျင်တီးနားက ကမ္ဘာ့ဖလား ရသွားခဲ့ပေမယ့်လည်း
ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ပြင်သစ်ကို နိုင်အောင် မကစားနိုင်ခဲ့တာကြောင့် ဒရိတ်ခ်
တစ်ယောက် လောင်းကြေး ရှုံးခဲ့ရတာပါ။
.
ဒီတစ်ကြိမ်မှာလည်း အာဆင်နယ် နိုင်မယ်လို့ လောင်းခဲ့ပေမယ့်
ပွဲချိန်အတွင်း မနိုင်ခဲ့တဲ့အပြင် ပင်နယ်တီမှာပါ ရှုံးသွားခဲ့လို့ ဒရိတ်ခ်တစ်ယောက်
ဒေါ်လာ ၁ သန်းကို ထပ်ပြီး ရှုံးခဲ့ပြန်တာပဲ ဖြစ်ပါတယ်။
.
ဒရိတ်ခ်က တိုင်ဆန်ဖြူရီနဲ့ အူဆက် တို့ရဲ့ လက်ဝှေ့ပွဲမှာလည်း
တိုင်ဆန်ဖြူရီ နိုင်မယ့်ဖက်က လောင်းခဲ့ဖူးပြီး အမြဲတမ်း အသာစီးက ထိုးတတ်တဲ့
တိုင်ဆန်ဖြူရီ တစ်ယောက် ဒရိတ်ခ်လောင်းတဲ့ နေ့မှာပဲ ရှုံးသွားခဲ့ရဖူးပါတယ်။
.
Source – Marca
.
#KBZTai #Shan #Arsenal #Drake #Football

No comments:
Post a Comment