ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၀၁ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ယင်းနိုင်ငံသား အားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
လွှဲပြောင်းပေးအပ်ရန်
ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၈၀ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး
(လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ
နိုင်ငံသား ၆၆၂ ဦး ရှိကာ ကျန် ပြည်ပနိုင်ငံသား ၅၁၈ ဦးတို့အား သက်ဆိုင်ရာ
နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံ
အပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ ကရင်ပြည်နယ်၊
မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့်
ဝင်ရောက်နေခဲ့သည့် အီသီယိုးပီးယားနိုင်ငံသား ၆ ဦး၊ အိန္ဒိယ နိုင်ငံသား ၃ ဦး၊ တရုတ်နိုင်ငံသား ၂ ဦးနှင့် ကင်ညာနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂ ဦး ကို ယမန်နေ့က ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်ဟုလည်း
ထုတ်ပြန်ချက်အရ သိရသည်။
.
#KBZTai #Local #TelecomFraud
.

No comments:
Post a Comment