ပင်လောင်းမြို့နယ်တွသ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ပင်လောင်းမြို့နယ်တွသ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်‌လောင်းမြို့နယ်၊ နောင်တရးဒေသ၊ ဘန့်ပြင်ကျေးရွာ အုပ်စု၊ နောင်မူကျေးရွာနှင့် ပင်ခင်ကျေးရွာအုပ်စု၊ ကျောက်ဆင့်ကျေးရွာကြား ဆည်ခေါင်း-နောင်မူ-ပင်ခင် သွားကားလမ်းတွင် ယမန်နေ့ မေလ ၂၄ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိဪသည်။

.

.

ပင်လောင်းမြို့နယ်၊ ပင်ခင်ကျေးရွာအုပ်စု၊ ကျောက်ဆင့်ကျေးရွာ နေ ဦးအောင်သိန်း သည် ယမန်နေ့ မေလ ၂၄ ရက်၊ ည ၁၁ နာရီခွဲခန့်က ဘန့်ပြင်ကျေးရွာ အုပ်စု၊ နောင်မူ ကျေးရွာနှင့် ပင်ခင် ကျေးရွာ အုပ်စု၊ ကျောက်ဆင့်ကျေးရွာကြား ဆည်ခေါင်း-နောင်မူ-ပင်ခင် သွားကားလမ်းတွင် မေလ ၂၄ ရက်၊ ည ၁၁ နာရီခွဲခန့်က နောင်မူကျေးရွာဘက်မှ ကျောက်ဆင့်ကျေးရွာဘက်သို့ ကားဖြင့် မောင်းနှင်လာစဉ် သေနတ် အရှည် တစ်လက်စီ ကိုင်ထားသည့် လက်နက်ကိုင် ၂ ဦးမှ သေနတ် ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပစ်ခတ်မှုကြောင့် သေဆုံးသူ ဦးအောင်သိန်း၏ ရုပ်အလာင်းအား တီကျစ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ရုပ်အလောင်းအား ခွဲစိတ်စစ်ဆေးရာ ခန္ဓာကိုယ်အတွင်း သေနတ်ကျည်ထိပ်ဖူး တစ်ခု တွေ့ရှိခဲ့ပြီး ၎င်း သေဆုံးမှုနှင့် ပတ်သက်၍ နောင်တရားနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်၊ ‌နောင်တရားနယ်မြေရဲစခန်းမှူး ရဲအုပ် ခင်မောင်မြင့် အား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

.

No comments:

Post a Comment

Pages