ညစာ အများကြီး စားမိတဲ့ညတွေဆိုရင် ဘယ်လို အိပ်သင့်လဲ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

ညစာ အများကြီး စားမိတဲ့ညတွေဆိုရင် ဘယ်လို အိပ်သင့်လဲ

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

.

ဘယ်ဖက်စောင်းအိပ်ပါ

ဘယ်ဖက်ကို စောင်းအိပ်ရင် အစာမကြေဖြစ်နိုင်ချေ နည်းပါတယ်။ ဆေးပညာဆိုင်ရာ လေ့လာမှုတစ်ခုမှာ ပါဝင်သူတွေကို ညာဖက်နဲ့ ဘယ်ဖက်စောင်းပြီး အနားယူခိုင်းခဲ့ရာမှာ ဘယ်ဖက်စောင်းပြီး လှဲသူတွေက အစာမကြေတဲ့ပြဿနာ ပိုနည်းတာကို တွေ့ရပါတယ်။

ဒါ့အပြင် ညာဖက်စောင်းအိပ်ခြင်းက Heartburn လို့ခေါ်တဲ့ ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။

.

ခေါင်းအုံး မြင့်တာလေးနဲ့အိပ်ပါ

ကိုယ့်ရဲ့ခေါင်းအုံး ကို ပုံမှန်အိပ်နေကျထက် ပိုပြီးမြင့်တာလေးနဲ့ အိပ်ရင် ရင်ပူတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

.

ဂျင်း နည်းနည်းစားပါ

လတ်ဆတ်တဲ့ ဂျင်းက ဗိုက်မအီမသာဖြစ်တာကို သက်သာစေတာမို့ နည်းနည်းလေး ဝါးစားလိုက်ရင် အလုပ်ဖြစ်မှာပါ။ ဒါမှမဟုတ် ဂျင်းနဲ့ဖျော်ထားတဲ့ ရေနွေးတစ်ခွက်လောက် သောက်လိုက်တာကလည်း အကျိုးရှိပါတယ်။ သုတေသနတွေအရတော့ ဂျင်းက မအီမသာဖြစ်တာနဲ့ အန်ချင်မှုကို လျော့ချပေးတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်တဲ့။

.

အိပ်ခါနီး လမ်းနည်းနည်းလျှောက်ပါ

ညဖက်ထမင်းစားတာ များသွားပြီဆိုရင် အိမ်ထဲမှာပဲ လမ်းလေးနည်းနည်းလျှောက်ပေးပါ။ ခပ်ဖြည်းဖြည်းလမ်းလျှောက်တာက အစာချေရာမှာ အထောက်အကူဖြစ်ပြီး မအီမသာဖြစ်တာကိုလည်း လျော့ကျစေနိုင်ပါတယ်။

.

ချောင်ချိတဲ့ ညအိပ်ဝတ်စုံဝတ်ပါ

ဗိုက်အရမ်းတင်းနေတဲ့အချိန် ၊ အိပ်ယာဝင်ဖို့လုပ်တဲ့အခါ တင်းကျပ်ပြီး ဗိုက်ကို ဖိထားသလိုဖြစ်တဲ့ အဝတ်မျိုးတွေ မဝတ်ပါနဲ့။ အဲဒီအစား သက်သောင့်သက်သာရှိပြီး ချောင်ချောင်ချိချိဖြစ်မယ့် ဝတ်စုံလေး ရွေးဝတ်ပါ။

.

အိပ်ခါနီး အယ်လ်ကိုဟောနဲ့ကဖင်း ပါတာတွေ မသောက်ပါနဲ့

ဗိုက်တင်းလို့ အိပ်ပျော်ရ ခက်မယ့်အထဲ အယ်လ်ကိုဟောနဲ့ ကဖင်းပါတာတွေပါ သောက်မိရင် တော်တော်နဲ့ အိပ်နိုင်တော့မှာမဟုတ်ပါဘူး။ အယ်လ်ကိုဟောက အိပ်ချင်သလို ဖြစ်နိုင်တယ်ဆိုပေမယ့် Deep Sleep လို့ခေါ်တဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းကိုတော့ တားဆီးတတ်ပါတယ်။

.

Source : HealthCare

.

No comments:

Post a Comment

Pages