စစ်ပွဲနဲ့ ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု နာမည်ပျက်စာရင်းထဲ အစ္စရေးကို ကုလသမဂ္ဂ ထည့်သွင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 29, 2026

စစ်ပွဲနဲ့ ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု နာမည်ပျက်စာရင်းထဲ အစ္စရေးကို ကုလသမဂ္ဂ ထည့်သွင်း

.

၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်

.

ကုလသမဂ္ဂ က အစ္စရေးကို “စစ်ပွဲနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု” နာမည်ပျက် စာရင်းထဲကို ထည့်သွင်း လိုက်ပြီးတဲ့နောက် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်မယ်ဆိုတဲ့ အကြောင်း အစ္စရေးရဲ့ ကုလဆိုင်ရာ သံအမတ်က ပြောဆိုလိုက်ပါတယ်။

.

.

စစ်ပွဲ ဖြစ်ပွားရာ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အစ္စရေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ သက်သေတွေ အများကြီး ထွက်လာခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂက နာမည်ပျက်စာရင်းထဲ အစ္စရေးကို ထည့်သွင်းလိုက်တာပါ။

.

အစ္စရေး သံအမတ် ဒါနွန်ကတော့ တွစ်တာ X မှာတင်ထားတဲ့ ဗီဒီယိုထဲမှာ “ဒီ အတွင်းရေးမှုးချုပ်နဲ့ ကျွန်တော်တို့ ဆက် မလုပ်တော့ဘူး” လို့ ပြောခဲ့ပြီး ကုလက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

.

ကုလအတွင်းရေးမှူးချုပ်ရဲ့ “စစ်ပွဲနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” အစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်တာ ဖြစ်ပြီး ထုတ်ပြန်မှု မတိုင်ခင်မှာ သက်ဆိုင်ရာ နိုင်ငံတွေဆီ ကြိုတင်ပေးပို့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကတည်းက ကုလ က အစ္စရေးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်တယ်လို့ သံသယရှိတဲ့ စာရင်းထဲ ထည့်နိုင်တယ်ဆိုတဲ့အကြောင်း သတိပေးခဲ့ပါတယ်။

.

ဒါနွန်က “အတွင်းရေးမှုးချုပ်နဲ့ သူ့အဖွဲ့က အစ္စရေးအပေါ် မမှန်တဲ့ စွပ်စွဲမှုတွေ ဖြန့်ဝေနေတာပါ။ ကျွန်တော်တို့ကို Hamas အကြမ်းဖက်သမားတွေနဲ့ စာရင်း တစ်ခုထဲ ထားတာကို လုံး ဝလက်မခံနိုင်ဘူး” လို့ ဆိုပါတယ်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီအခြေအနေအပေါ် ဒေါသထွက်နေတာပါ။

.

ကုလရဲ့ အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အထူးအစီရင်ခံသူ အယ်လ်ဆာလမ် ကတော့ အစ္စရေးကို ဒီ နာမည်ပျက်စာရင်းထဲ ထည့်တာက နောက်တောင်ကျနေပြီလို့ ဆိုပါတယ်။ “အစ္စရေးက ပါလက်စတိုင်း အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးတွေအပေါ် ရက်စက်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှာတွေ ကျုးလွန်ထားတာကို စုံစမ်းစစ်ဆေးမှုတွေအရ အတည် ပြုထားပြီးသား ဖြစ်တယ်” လို့ အယ်လ်ဆာလမ်က ဆိုပါတယ်။

.

ပြီးခဲ့တဲ့ ဩဂုတ်လမှာ အစ္စရေး လုံခြုံရေးတပ်ဖွဲ့တွေက ပါလက်စတိုင်း အကျဉ်းသားတွေအပေါ် ထောင်တွေနဲ့ ထိန်းသိမ်းရေး စခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်ထားတဲ့အကြောင်း ခိုင်လုံတဲ့ အချက်အလက်တွေ ရခဲ့တယ်လို့ ကုလက ကြေညာထားပြီး ကုလရဲ့ စစ်ဆေးရေးအဖွဲ့တွေကိုလည်း အဲဒီ နေရာတွေဆီ ဝင်ရောက်ခွင့် မပေးခဲ့တဲ့အကြောင်း သိရပါတယ်။

.

Source : CNN

.

No comments:

Post a Comment

Pages