နယူးကာဆယ် တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန် ကို ဘာစီလိုနာ ပေါင်သန်း ၇၀ နဲ့ ခေါ်ယူ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 28, 2026

နယူးကာဆယ် တောင်ပံကစားသမား အန်တိုနီ ဂေါ်ဒွန် ကို ဘာစီလိုနာ ပေါင်သန်း ၇၀ နဲ့ ခေါ်ယူ


နယူးကာဆယ်အသင်းရဲ့ တောင်ပံကစားသမား ဖြစ်တဲ့ အန်တိုနီဂေါ်ဒွန်ကို  ပေါင်သန်း ၇၀ အပြင် အပို ဆုကြေးနဲ့ ဘာစီလိုနာက ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။

.
ဘာစီလိုနာအသင်းက ဂေါ်ဒွန်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက် အရင် ရခဲ့တာပါ။ အဲဒီ နောက်မှာမှ နယူးကာဆယ်အသင်းဆီ ချဉ်းကပ်ပြီး ၂၄ နာရီအတွင်း အပြောင်းအရွှေ့ အတည် ဖြစ်သွားခဲ့တာပါ။ ဂေါ်ဒွန်က ဘာစီလိုနာနဲ့ ၅ နှစ်စာ ချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး မနက်ဖြန်မှာ ဘာစီလိုနာမြို့ထဲ သွားရောက်ပြီး ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။
.
ဘာစီလိုနာ ပရိသတ်တွေအတွက်တော့ ဒီသတင်းက သတင်းကောင်းဆို ပေမယ့် မန်ယူ ပရိသတ်တွေ အတွက်တော့ သတင်းဆိုး တစ်ခုလိုပါပဲ။ ဂေါ်ဒွန်ကို ခေါ်လိုက်တဲ့အတွက် မန်ယူက အငှား ခေါ်ထားတဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ် ယူဖို့ကိစ္စက ဖြစ်လာနိုင်ဖို့ ခက်ခဲသွားတာကြောင့်ပါပဲ။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကို ပေါင် သန်း ၃၀ နဲ့ ရောင်းပါမယ်လို့ ကမ်းလှမ်းထားတာကို မဝယ်ဘဲ ဂေါ်ဒွန်ကို သန်း ၇၀ ပေးပြီး ဝယ်လိုက်တာကလည်း မန်ယူပရိသတ်တွေကို မာန ထိခိုက်သွားစေပါတယ်။
.
ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာအတွက် အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပြီး လိုအပ်တဲ့ အချိန်တိုင်း ခြေစွမ်း ပြပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ် ကို အပြီးသတ်ခေါ်ဖို့  ငြင်းလိုက်ပြီး သူ့ရဲ့အင်္ဂလန်အသင်းဖော် ဂေါ်ဒွန်ကို ပြောင်းရွှေ့ကြေး ၂ ဆနဲ့ ခေါ်လိုက်တာက မန်ယူပရိသတ်တွေအတွက် လက်မခံနိုင်လောက်စရာပါပဲ။
.
ဒါ့အပြင် သူ့ကို ဒီလောက် မခေါ်ချင် ဖြစ်နေတာတောင် ဘာစီလိုနာကိုပဲ ပြောင်းဖို့ ဆန္ဒရှိနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ သဘောထားကိုလည်း မန်ယူပရိသတ်တွေက ကြည့်မ ရဖြစ်နေကြပြီး လာမယ့် ရာသီမှာ မန်ယူအသင်းအတွက် ကစားပေးဖို့ ထိုက်တန်ရဲ့လားဆိုတာကိုပါ မေးခွန်းထုတ်နေကြပါတယ်။

.
Source : ESPN

.
#KBZTai #Shan #Football #Barca

No comments:

Post a Comment

Pages