ပါကစ္စတန်နိုင်ငံ၊ အနောက်တောင်ပိုင်း ဘာလိုခရစ်တန် ပြည်နယ်ရဲ့
မြို့တော် ကွက်တာ မှာ စစ်သားတွေကို တင်ဆောင်လာတဲ့ ရထားတစ်စီးကို အသေခံ ကားဗုံးနဲ့
တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံးပြီး လူပေါင်း ၅၀ ကျော် ဒဏ်ရာ
ရရှိခဲ့ပါတယ်။
.
ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ ဘာလိုခရစ်တန် လွတ်လပ်ရေးတပ်
က ဒီဗုံးခွဲမှုက သူတို့ရဲ့ လက်ချက် ဖြစ်တဲ့အကြောင်း အသိပေးခဲ့ပါတယ်။
.
ပေါက်ကွဲမှုကြောင့် ရထားတွဲတချို့ လမ်းချော်ကာ မီးလောင်သွားခဲ့ပြီး
ရထားလမ်းဘေးမှာ ရှိတဲ့ နေအိမ်တွေနဲ့ အဆောက်အဦတွေလည်း အကြီးအကျယ် ပျက်စီးသွားခဲ့ရတာပါ။
.
ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ကွက်တာမြို့ပေါ်မှာ ရှိတဲ့
အစိုးရဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားရပြီး ဆရာဝန်တွေနဲ့ ဆေးဖက်ဆိုင်ရာ
ဝန်ထမ်းတွေကို ထပ်မံအားဖြည့်ဖို့ ခေါ်ယူထားရတာပါ။
.
အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့
မီးလောင်ကျွမ်းနေတဲ့ ကားတွေနဲ့ ဘေးတိုက်လဲကျနေတဲ့ ရထားတွဲတွေဆီကနေ အနက်ရောင် မီးခိုးတွေ
ထူထပ်စွာ ထွက်ပေါ်နေတာကို မြင်တွေ့နေရတာပါ။
.
ပါကစ္စတန်နိုင်ငံထဲမှာတော့ ခွဲထွက်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေက
အကြိမ်ရေ ပို စိပ်လာကြပြီး တိုက်ခိုက်မှုတွေကလည်း ပိုမို ပြင်းထန်လာကြပါတယ်။
ဘာလိုခရစ်တန် ဒေသမှာ တရုတ်ရဲ့ အခြေခံ အဆောက်အဦ စီမံကိန်းတွေကို
ခွဲထွက်ရေးအဖွဲ့တွေက တိုက်ခိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး တရုတ် အလုပ်သမားတွေကိုလည်း
ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။
.
#KBZTai #Shan #International #Carbomb

No comments:
Post a Comment