ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 25, 2026

ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်



ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက် ဖြစ်သည်။

.

​“သောက်ရေကို ကျိုချက်ထားသော ရေနွေး သို့မဟုတ် ကလိုရင်းခတ်ထားသော ရေသန့်ကိုသာ သောက်ပါ။ အစာမစားမီနဲ့ အိမ်သာ တက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပါ။ အိမ်သာ အသုံးပြုရာမှ မစင်နဲ့ ညစ်ညမ်းရေတွေကို ယင်လုံအိမ်သာအတွင်း စွန့်ပစ်ပြီး ပိုးသတ်ဆေး သုံးပါ။ အစားအသောက် စားရာမှာ လည်း ယင် မနားတဲ့ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာများကိုသာ စားသုံးပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း တိုက်တွန်းထားသည်။

.
#KBZTai #Shan #Announcements

No comments:

Post a Comment

Pages