.
၂၀၂၆ ခုနှစ်၊ မေလ ၃၀
.
ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ၊ ထိုင်းနိုင်ငံ
အန်ဖန်းဆေးရုံကနေ တင်လိုက်တဲ့ အလှူငွေပို့စ်လေးတစ်ခုက ဒီနေ့အထိ
ထိုင်းလူမျိုးတွေကြားမှာ ပြောစမှတ်ဖြစ်နေဆဲပါ။
.
.ထိုင်းနယ်စပ်အနီးမှာရှိတဲ့ ချုကာရီ
ဆိုတဲ့ရွာလေးက ရွာသားတွေက ထိုင်းနိုင်ငံဖက်မှာရှိတဲ့ အန်ဖန်း ဆေးရုံအတွက်
သူတို့မှာရှိတဲ့ပိုက်ဆံလေးတွေကို စုပြီး လှူခဲ့ကြတာဖြစ်ပြီး လှူဒါန်းငွေက ဘတ်
၁၄၀၀၀ ပါ။
.
ဒီပမာဏက များပြားတဲ့ပမာဏ မဟုတ်ပေမဲ့
မြန်မာရွာသားတွေအတွက်တော့ မရှိတဲ့အထဲက လှူလိုက်ရ တာပါပဲ။ ဒီ ဆေးရုံက သူတို့ကို
ကုသပေးနေတဲ့ ဆေးရုံဖြစ်ပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ ကုသမှုတွေကို ဒီဆေးရုံမှာ
သွားရောက်ခံယူနေရတာမို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ စုပေါင်းလှူဒါန်းပေးလိုက်ကြတာပါ။
.
အန်ဖန်းဆေးရုံက ထိုင်း-မြန်မာ နယ်စပ်မှာ
နေထိုင်သူမှန်သမျှကို လူတန်းစားမခွဲဘဲ ကုသပေးတဲ့ဆေးရုံအဖြစ် လူသိများပြီး
လက်ရှိမှာ ဆေးဝါးကုသမှု ဆက်လက်ပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ၂၀၂၆ ခုနှစ်
အတွင်းမှာ အန်ဖန်းဆေးရုံက ဆက်လက်ရပ်တည်နိုင်ဖို့ တော်တော်လေး ခက်ခဲခဲ့ပြီး
ပြည်သူတွေဆီကနေ ရတဲ့အလှူငွေတွေနဲ့ ဆက်လက် လည်ပတ်နေရတာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံထဲက လူတွေကတော့ ဆေးရုံကနေ
တင်ထားတဲ့ အလှူငွေပို့စ်က ပိုက်ဆံအနွမ်းလေးတွေကို ကြည့်ပြီး
စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီအဖြစ်အပျက်က မြန်မာလူမျိုးတွေရဲ့ ကျေးဇူးသိတတ်မှုကို
ပြသနေတာဖြစ်တယ်လို့ သူတို့က ခံယူထားပြီး နိုင်ငံရေးထက် လူသားချင်းစာနာမှု၊
ကျေးဇူးတရားနဲ့ ကူညီရိုင်းပင်းမှုတွေကို ပြသနေတဲ့ ဥပမာတစ်ခုလို့ တောင်
တင်စားပြောဆိုနေကြတာပါ။
.
Source – Bangkok Post
.

No comments:
Post a Comment