.
၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်
.
နာမည်ကျော် ဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲတွေထဲက
တစ်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ် က အသက် ၁၉
နှစ်အရွယ် ဘရာဇီးတင်းနစ်သမား ဖွန်ဆီကာ ကို ၂-၃ နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ
ထွက်လိုက်ရပါတယ်။
.
.ဂရင်းဆလင်း ချန်ပီယံဆု ၂၄ ကြိမ်အထိ
ရရှိထားပြီးဖြစ်တဲ့ ဂျိုကိုဗစ်အတွက် ဂရင်းဆလင်း စံချိန်သစ်ဖြစ်တဲ့ ၂၅
ကြိမ်မြောက်ဆုဖလားကို ကိုင်မြောက်ဖို့ အခွင့်အရေးရှိခဲ့ပေမဲ့လည်း မမျှော်လင့်ပဲ
ရှုံးပွဲတွေ့သွားခဲ့တာပါ။
.
ဂျိုကိုဗစ်က ပထမပွဲနဲ့ ဒုတိယပွဲငယ်တွေကို
အနိုင်ရပြီး ၂-၀ နဲ့ ဦးဆောင်ထားနိုင်တဲ့ အခြေအနေကနေ ၃ ပွဲဆက်တိုက် ပြန်ရှုံးပြီး
၄-၆၊၄-၆၊၆-၃၊၇-၅၊၇-၅ ဆိုတဲ့ ရလာဒ်တွေနဲ့အတူ ပြိုင်ပွဲက ထွက်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။
.
အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ် ဟာ
သက်လုံပိုင်းမှာတော့ ၁၉ နှစ်အရွယ် ချာတိတ်လေးကို လိုက်မမီနိုင်ခဲ့ဘဲ ပွဲချိန်ကြာလေ
ဖွန်ဆီကာ က အသာစီးရလေ ဖြစ်ခဲ့တာပါ။
.
ကမ္ဘာ့အဆင့် (၂) တင်းနစ်သမား အယ်လ်ကာရက်ဇ်
မပါဝင်နိုင်တဲ့အပြင် ကမ္ဘာ့အဆင့်(၁) အီတလီ တင်းနစ် သမား ဆင်းနား ကလည်း ပြိုင်ပွဲက
ထွက်လိုက်ရပြီမို့ ဂျိုကိုဗစ်အနေနဲ့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးတွေ
အများကြီးရှိနေခဲ့တာပါ။
.
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဂျိုကိုဗစ်ပါ
ထပ်ပြီး ပြုတ်သွားခဲ့တာမို့ ဒီနှစ်ရဲ့ ပြင်သစ်အိုးပင်း ပွဲစဉ်က ချန်ပီယံအသစ်ကို
တွေ့ရတော့မှာ သေချာသွားပါပြီ။
.
ဂျိုကိုဗစ် ဟာ သူ့ရဲ့ဂရင်းဆလင်း သမိုင်းတစ်လျှောက်မှာ
ပြိုင်ပွဲကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ပြီဆိုရင် နိုင်ပွဲရဖို့
သေချာတဲ့ကစားသမားလို့ ပြောလို့ရပြီး ၂-၀ နဲ့ အနိုင်ရထားတဲ့အခြေအနေတွေမှာ ၂၈၉
ပွဲနိုင်ခဲ့ပြီး ၁ ပွဲသာ ရှုံးခဲ့ဖူးတာပါ။
.
ဒါ့အပြင်
ဂျိုကိုဗစ်ရဲ့တင်းနစ်သမိုင်းတစ်လျောက်မှာ ဆယ်ကျော်သက်တစ်ဦးကို ပထမဆုံးအကြိမ်
ရှုံးနိမ့်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။
.
Source – BBC
.

No comments:
Post a Comment