ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်တွင် ယမန်နေ့
ဇွန်လ ၃ ရက်၊ နေ့လယ်ပိုင်းက အမျိုးသား တစ်ဦး ထံမှ
စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၃ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၂)၊ ပန်းတင်လမ်းမပေါ်တွင် ပိတ်ဆို့
စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်နေစဉ် ယင်းလမ်းမအတိုင်း တစ်ဦးတည်း လမ်းလျှောက်လာသူ
ဖြိုးခန့်ကျော် (ခ) စိုင်းနော်ဖ (ခ) အစိုင်းအား ရပ်တန့်စစ်ဆေးရှာဖွေရာ
၎င်းလွယ်ထားသော မိုးပြာရောင် လွယ်အိတ် အတွင်းမှ WY နှင့် R
စာတမ်းများ ပါဝင်သည့် လိမ္မော်ရောင်ဆေးပြား ၂၀၀ ပြားစီပါ ၅ အိတ်၊
စုစုပေါင်း ဆေးပြား ၁၀၀၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ
ဖြိုးခန့်ကျော် (ခ) စိုင်းနော်ဖ (ခ) အစိုင်း အား တောင်ကြီးနယ်မြေရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေ အရ
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #Drugs
.
Thursday, June 4, 2026
Home
တောင်ကြီး
မှုခင်း
ရှမ်းတောင်
တောင်ကြီးတွင် အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
တောင်ကြီးတွင် အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
Tags
# တောင်ကြီး
# မှုခင်း
# ရှမ်းတောင်
Share This
About Kanbawza Tai News
ရှမ်းတောင်
Tags
တောင်ကြီး,
မှုခင်း,
ရှမ်းတောင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment