.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်အနီးတွင်
ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေပိုင်းက တရားမဝင် အကောက်ခွန်မဲ့ အထပ်သားနှင့် အိမ်ဆောက်ပစ္စည်းများ
တင်ဆောင်လာသည့် ယာဉ် ၂ စီးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဇွန်လ ၃ ရက်၊ ညနေ ၆ နာရီခန့်က လားရှိုးမြို့အဝင် မယ်ဟန်စစ်ဆေးရေးဂိတ်အနီးတွင် မသင်္ကာဖွယ်
ရပ်တန့်ထားသည့် CANTER အမျိုးအစား ၆ ဘီး မော်တော်ယာဉ် ၂ စီးကို
သွားရောက်စစ်ဆေးရာ တစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အထပ်သား များကို လည်းကောင်း၊
ကျန်တစ်စီးပေါ်မှ တရားမဝင် အကောက်ခွန်မဲ့ အိမ်ဆောက်ပစ္စည်းများ ကိုလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“တစ်စီးက တရုတ်နိုင်ငံထုပ် ၃ ထပ်သားနဲ့ ၅ ထပ်သားပါ။
နောက်တစ်စီးကတော့ အပူခံပြား အလိပ် ပါတယ်။ မျက်နှာကျက်လုပ်တဲ့ အပြားလေးတွေ ပါတယ်။ အလူမီနီယံ
တံခါးပေါက်တွေ ပါပါတယ်။ ပို့/သွင်း-၈ နဲ့ပဲ အမှုဖွင့်တာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်များ ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ တင်ဆောင်မောင်းနှင်လာသူ ယာဉ်မောင်း ဦးလောရှီနှင့် ဦးအိဇက် တို့ ၂ ဦးအား လားရှိုးမြို့မရဲစခန်းတွင်
ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:
Post a Comment