၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်
.
■ မက္ကဆီကို - တောင်အာဖရိက
မက္ကဆီကိုနဲ့ တောင်အာဖရိက က ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု A မှာ ကျနေတာပါ။ ဒီအုပ်စုက ချက်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ တောင်အာဖရိက မို့ အရမ်းကြီး ကောင်းတဲ့ အသင်းတွေ ပါ မနေဘဲ အသင်း မျှတယ် ပြောရပါမယ်။
.
ဒီနှစ်သင်းရဲ့ နောက်ဆုံး ၃ ကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာ
တစ်ကြိမ်စီ နိုင်ပြီး တစ်ကြိမ် သရေ ကျထားတာမို့ ဘယ်သူ သာတယ် ဆိုပြီး ပြောလို့ရတဲ့ အနေအထားမှာတော့
ရှိ မနေပါဘူး။ ဒါပေမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ ရလာဒ်တွေမှာတော့
မက္ကဆီကိုက ၅ ပွဲ ကစားပြီး တစ်ပွဲမှ မရှုံးထားတဲ့အပြင် ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ တို့လို
အသင်းတွေကိုတောင် သရေ ကစားထားတာပါ။ တောင်အာဖရိက ကတော့ မက္ကဆီကိုနဲ့ ဆန့်ကျင်ဖက် ဖြစ်ပြီး
ခြေစမ်းပွဲ ၅ ပွဲမှာ တစ်ပွဲမှ မနိုင်ထားပါဘူး။ ဂျမေကာ၊ နီကာရာဂွာ လို အသင်းတွေကိုတောင်
မနိုင်ခဲ့တာမို့ မက္ကဆီကို ကို နိုင်ဖို့ဆိုတာ တော်တော်လေး ခက်မယ့် အနေအထားပါ။
.
နှစ်သင်းစလုံးရဲ့ လူစာရင်းကို ကြည့်ရင်လည်း အရမ်းကောင်းတဲ့ ကစားသမားမျိုးတွေ
ရှိနေတာမျိုး မဟုတ်ကြပါဘူး။ မက္ကဆီကိုရဲ့တိုက်စစ်မှာ ဖူလ်ဟမ်တိုက်စစ်မှူး
ဂျီမီနက်ဇ် ဦးဆောင်လာမှာ ဖြစ်ပြီး တောင်အာဖရိကရဲ့ တိုက်စစ်မှာ ဘန်လေတိုက်စစ်မှူး
လိုင်လီဖော်စတာ ဦးဆောင် လာမှာပါ။
.
ဒါပေမယ့် နှစ်သင်းကို ယှဉ်ကြည့်လိုက်ရင်တော့ မက္ကဆီကိုက ခြေစမ်းပွဲ ရလာဒ်တွေ
ပိုကောင်းနေသလို အသင်းလိုက် ကစားပုံကလည်း တောင်အာဖရိကထက် အများကြီး သာပါတယ်။
ဒါ့အပြင် အိမ်ရှင်ကလည်း ဖြစ်နေပြန်တော့ ဒီပွဲမှာ မက္ကဆီကို အနိုင်ရဖို့ ကျိန်းသေ ကြိုးစားမှာပါပဲ။
မက္ကဆီကိုပဲ အနိုင်ရမယ့်ပွဲ ဖြစ်သွားပါလိမ့်မယ်။
.
.
ဒီနှစ်သင်းရဲ့
ပွဲကတော့ ကစားသမားကောင်းတွေ အများကြီး ပါနေတာမို့ ကြည့်ကောင်းမယ့် ပွဲလို့
ပြောလို့ရပါတယ်။ တောင်ကိုရီးယားဖက်မှာ ဆွန်ဟောင်မင်၊ ဟွမ်ဟီးချန်း၊ လီကန်အင်
တို့လို ဥရောပအဆင့် တိုက်စစ်မှူးတွေ ပါကြမှာ ဖြစ်ပြီး ချက် မှာလည်း ဒါရီဒါ၊ ဆူဆက်၊
ဘူဖယ်၊ ပက်ထရစ်ရှစ်ခ် တို့လို ကစားသမားတွေ အများကြီးပါ။
.
ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲ ရလာဒ်တွေမှာတော့ ချက်က ပို အားရဖို့
ကောင်းပြီး နောက်ဆုံးခြေစမ်းပွဲ ၅ ပွဲလုံး နိုင်ထားတာပါ။ တောင်ကိုရီးယားကတော့ ၅
ပွဲမှာ ၃ ပွဲနိုင်ထားပြီး အိုင်ဗရီကို့စ်နဲ့ ဩစတြီးယားကို ရှုံးထားပါတယ်။
.
နှစ်သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေမှာတော့ နောက်ဆုံး ၃ ကြိမ်
တွေ့ဆုံမှုမှာ တစ်ကြိမ်စီ နိုင်ပြီး တစ်ကြိမ် သရေ ကျခဲ့တာပါ။
လူစာရင်းချင်း ယှဉ်လိုက်တဲ့အခါ တောင်ကိုရီးယားက တိုက်စစ် ပိုကောင်းသလို
ခံစစ်မှာလည်း ဘိုင်ယန် နောက်ခံလူ ကင်မင်ဂျေး ရှိလို့ ခံစစ် မာတယ် ပြောလို့ရပေမယ့်
ကြယ်ပွင့် ကစားသမား မရှိတဲ့ ကွင်းလယ်ကတော့ ချက် ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ကမ္ဘာ့ဖလား ဆိုရင် တောင်ကိုရီးယားက ထင်မထားတာတွေ လုပ်ပြတတ်ပေမယ့် အဖွင့် ပွဲစဉ်မှာတော့
ချက်ကို နိုင်ဖို့ မလွယ်လောက်ဘူးလို့ ထင်မိပါတယ်။ ချက် အနိုင်ရဖို့ များတဲ့ပွဲ ဖြစ်ပြီး
တောင်ကိုရီးယားက သရေ တစ်မှတ်လောက်ပဲ အမြင့်ဆုံး ရသွားမယ် ထင်ပါတယ်။
.
#KBZTai #Shan #WorldCup #Football #Sports


No comments:
Post a Comment