.
■ ကမ္ဘောဇစံပြကျေးရွာ
(ခေါင်းနွဲ)မှာ မူလတန်းလွန်ကျောင်းသစ် ဖွင့်ပွဲ ပြုလုပ်ခဲ့တဲ့ KBZ
Foundation
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိင်လင်မြို့နယ်၊ ကမ္ဘောဇစံပြကျေးရွာ (ခေါင်းနွဲ) ရွာသစ်မှာ KBZ Foundation က နေ လှူဒါန်း ဆောက်လုပ်ခဲ့တဲ့ မူလတန်းလွန်ကျောင်းသစ် ဖွင့်ပွဲကို ဇွန်လ
၁၀ ရက်၊ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
.
■ တောင်ကြီးမှာ
သစ်ပင် စိုက်ပျိုးမှုတွေ လုပ်သွားမယ်
လာမယ့်
ဇွန်လ ၁၄ ရက်နေ့မှာ သစ်ပင်ချစ်သူများအဖွဲ့ တောင်ကြီးနဲ့
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ စုပေါင်းပြီး တောင်ကြီးမြို့ အရှေ့ဖက်တောင်ကြောပေါ်မှာ သစ်စေ့တွေကြဲဖြန့် စိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
.
■ AFC Challenge League အုပ်စုအဆင့်မှာ တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရသွားတဲ့ ရှမ်းယူနိုက်တက်
အာရှဘောလုံးအဖွဲ့ချုပ်က
ကြီးမှူးကျင်းပတဲ့ AFC Challenge League ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ရမယ့် ရှမ်းယူနိုက်တက် အသင်းအနေနဲ့ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ဖို့
မလိုတော့ဘဲ အုပ်စုအဆင့်ပြိုင်ပွဲမှာ
တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်တဲ့အကြောင်း ရှမ်းယူနိုက်တက်က
ကြေညာလိုက်ပါတယ်။
.
#KBZTai #Shan #Broadcasting
No comments:
Post a Comment