ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ယာမယ် ရပ်တည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 4, 2026

ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ယာမယ် ရပ်တည်



ကမ္ဘာတလွှား ဘောလုံးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းပေးနေတဲ့ CIES ရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ခုနှစ်အတွင်းမှာ ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် ဘာစီလိုနာ တိုက်စစ်ကစားသမား လမိုင်းယာမယ် က ရပ်တည်နေပါတယ်။
.
ဒီဖက်နှစ်တွေမှာ ဘာစီလိုနာနဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပြီး ပရိသတ်အကြိုက်ဆုံး တိုက်စစ် ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာခဲ့တဲ့ ယာမယ် ရဲ့ လက်ရှိ တန်ကြေးက ယူရို ၃၄၃ သန်း ရှိနေတာပါ။
.
အသက် ၁၈ နှစ်သာ ရှိသေးပေမယ့် သူ့ရဲ့ အမြန်နှုန်း၊ ဘောလုံးနဲ့အတူ ဖြတ်ကျော်နိုင်စွမ်း၊ ဂိုးသွင်းနိုင်စွမ်းနဲ့ ဖန်တီးမှုပိုင်းတွေမှာ အားကောင်းလှတဲ့ ယာမယ်က ဒီထက်ပိုပြီး တိုးတက်သွားဖို့ ရှိနေသေးတဲ့ ကစားသမားလို့ အားလုံးက သုံးသပ်ထားကြတာပါ။
.
ယာမယ်ရဲ့ နောက်မှာတော့ ဒုတိယတန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် မန်စီးတီး တိုက်စစ်မှုး ဟာလန်း က ယူရို ၂၅၅ သန်းနဲ့ ရပ်တည်နေပါတယ်။
.
PSG ကနေ ရီးယဲလ်ကို ပြောင်းလာပြီး သိပ်အဆင်မပြေ ဖြစ်နေတဲ့ ဘက်ပီ ကတော့ တတိယ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့တန်ကြေးက ယူရို ၂၀၁ သန်း ရှိနေတာပါ။
.
ရီးယဲလ်နဲ့ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်လူ ဘယ်လင်ဂမ် က မထင်မှတ်ထားဘဲ ဒီစာရင်းထဲမှာ ပါလာပြီး တန်ကြေး ၁၅၃ သန်းနဲ့အတူ စတုတ္တနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
.
ဒီစာရင်းရဲ့ အဆင့် ၅ နေရာမှာတော့ ဘိုင်ယန်မြူးနစ်ကို ရောက်ပြီးကတည်းက မှော်ဆန်တဲ့ ခြေစွမ်းတွေကို ပြနေတဲ့ တောင်ပံကစားသမား အိုလစ်ဆီ က ရပ်တည်နေပြီး သူ့ရဲ့ လက်ရှိတန်ကြေးက ယူရို ၁၃၇ သန်း ရှိနေပါတယ်။

.
Source – ESPN

.
#KBZTai #Shan #Football #Yamal

No comments:

Post a Comment

Pages