■ ကနေဒါ - ဘော့စနီးယား (နံနက် ၁ နာရီခွဲ)
.
ကနေဒါက ဂျုဗင်တပ်စ် တိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်၊ ဗီလာရီးယဲလ် ကွင်းလယ်လူ
တာဂျန်ဘူချာနန် တို့ရဲ့ အသင်းပါ။ ခံစစ်မှာ ရိန်းဂျား နောက်ခံလူ ကော်နယ်လီယပ်စ်
ဦးဆောင် ကစားနေတာ ဖြစ်ပြီး သူတို့ရဲ့ အဓိက နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗစ်က ဒဏ်ရာ ရှိနေတာမို့
ဒီပွဲကို ပါနိုင်မလား မသေချာသေးပါဘူး။
.
ဘော့စနီးယားကတော့ တိုက်စစ်မှူးကြီး ဒီဇီကိုနဲ့ အာဆင်နယ် ခံစစ်မှူးဟောင်း
ကိုလာဆီနက် တို့ရဲ့အသင်းပါ။ စတုဂတ် တိုက်စစ်မှူး ဒီမီရိုဗစ်နဲ့ အသက် ၄၀ အရွယ် တိုက်စစ်မှူး
ဒီဇီကို တို့ အတွဲကို တွေ့ရမှာ ဖြစ်ပြီး ကွင်းလယ်နဲ့ ခံစစ်မှာတော့
ကြယ်ပွင့်ကစားသမားတွေ သိပ် မရှိပါဘူး။
.
ဒီနှစ်သင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု B က
အသင်းတွေ ဖြစ်ပြီး ဆွစ်ဇာလန်၊ ကာတာ တို့နဲ့ တစ်အုပ်စုတည်း ကျနေတာပါ။ ဒီနှစ်သင်းက
နိုင်ငံပွဲတွေမှာ ထိပ်တိုက် တွေ့ဆုံဖူးတာမျိုး မရှိတာမို့ ဒီပွဲက
စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲတွေမှာတော့
နှစ်သင်းစလုံးက ပုံစံကောင်းတွေ ပြခဲ့ကြပြီး ကမ္ဘာ့ဖလား မတိုင်ခင် ကစားခဲ့တဲ့
ပွဲစဉ် ၅ ပွဲကို ၂ သင်းစလုံး မရှုံးခဲ့ကြပါဘူး။
.
ဒါပေမယ့် ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ရင်တော့ ကနေဒါက
အသင်းနိမ့်လေးတွေနဲ့ ကစားထားတာ ဖြစ်ပြီး ဘော့စနီးယားကတော့ အီတလီ၊ ဝေးလ်၊ ဩစတြီးယား
လိုအသင်းတွေနဲ့ ကစားခဲ့တာမို့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် သုံးသပ်ချက်ကို ဘော့စနီးယားဆီပဲ
ပေးရမှာပါ။
.
ဒါပေမယ့်လည်း ဘော့စနီးယားတိုက်စစ်မှာ ဒီဇီကိုရဲ့အသက်အရွယ်ရယ်၊
ခံစစ်က ပေါက်ထွက်နေတဲ့ ကစားပုံရယ်၊ ကနေဒါရဲ့ အသင်းလိုက် ကစားပုံ ကောင်းတာရယ်ကြောင့်
ဒီပွဲက ကနေဒါပဲ နိုင်သွားမယ့်ပွဲပါပဲ။
.
■ အမေရိကန်-ပါရာဂွေး
(နံနက် ၇ နာရီခွဲ)
.
ဒီပွဲက နည်းပြပို ချက်တီနိုရဲ့ အိမ်ရှင် အမေရိကန်နဲ့ ပါရာဂွေး တို့ တွေ့ရမယ့်ပွဲပါ။
အမေရိကန်က ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပြီး တိုက်စစ်မှာ ဘာလိုဂန်၊ ပူလီဆစ်တို့
အပြင် လေဗာကူဆင် တိုက်စစ်ကစားသမား တေးလ်မန်း ပါရှိနေတာပါ။ ကွင်းလယ်မှာလည်း အဒမ်စ်၊
မက်ကင်နီ၊ ဆာဂျီနိုဒက်စ်နဲ့ ဖူလ်ဟမ်က ရော်ဘင်ဆန် တို့ ရှိတာပါ။ ခံစစ်မှာတော့
ပဲလေ့စ်နောက်ခံလူ ခရစ် ရစ်ချက်က ဦးဆောင် ကစားမှာ ဖြစ်ပါတယ်။
.
ပါရာဂွေးကတော့ တောင်အမေရိကမှာ အစဉ်အလာ ရှိတဲ့ အသင်း တစ်သင်းဆိုပေမယ့်
လက်ရှိ လူစာရင်းကတော့ သိပ်ပြီး အားရစရာ ရှိမနေပါဘူး။ တိုက်စစ်မှာ အယ်လ်မီရွန်၊
ကွင်းလယ်မှာ ဘရိုက်တန်က ဂိုမက်ဇ်နဲ့ ခံစစ်မှာ ဆန်းဒါးလန်းက အယ်လ်ဒီရက် တို့ပဲ ရှိနေပြီး
ကျန်တဲ့ ကစားသမားတွေက တောင်အမေရိက လိဂ်တွေမှာ ကစားနေကြတာမို့ သိပ်ပြီး အားကိုးလို့
မရတဲ့ အနေအထားပါ။
.
ဒီနှစ်သင်းရဲ့နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်မှာတော့
အမေရိကန်က ၃ ကြိမ်လုံး နိုင်ထားပြီး ပါရာဂွေးကို အသာစီး ရထားခဲ့တာပါ။ ကမ္ဘာ့ဖလား မတိုင်ခင်
ခြေစမ်းပွဲရလာဒ်တွေကို ကြည့်ရင်လည်း နှစ်သင်းစလုံးက ၅ ပွဲ ကစားထားရာမှာ ၃
ပွဲနိုင်၊ ၂ ပွဲရှုံးရလာဒ်တွေချည်း တွေ့ခဲ့ရတာပါ။
.
တစ်ခု ရှိတာက အမေရိကန် ခံစစ်နဲ့ ကစားပုံက မေဂျာလိဂ် ကစားပုံလိုချည်း
ဖြစ်နေပြီး ခံစစ်က ဂိုးပေးနှုန်း တော်တော် မြင့်နေတာပါ။ အိမ်ရှင်လည်း ဖြစ်နေတာ ၊
အဖွင့်ပွဲလည်း ဖြစ်နေတာကြောင့် ဒီပွဲမှာ အမေရိကန် အနိုင်ရဖို့ များပေမယ့်
ခံစစ်ပေါက်နေတဲ့ ကစားပုံကြောင့် အပြန်အလှန် သွင်းဂိုးတွေနဲ့အတူ ဂိုးတွေများမယ့် ပွဲလည်း
ဖြစ်လာဖို့ ရှိနေပါတယ်။
.
#KBZTai #Shan #Football #WC2026

No comments:
Post a Comment