ဇနီးမွေးနေ့အတွက် သိန်း ၁၀၀ Surprise Gift ပေးသည်ဟုဆိုကာ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဝေဖန်ခံနေရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, June 12, 2026

ဇနီးမွေးနေ့အတွက် သိန်း ၁၀၀ Surprise Gift ပေးသည်ဟုဆိုကာ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဝေဖန်ခံနေရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

.

ဇနီးဖြစ်သူ မွေးနေ့တွင် ငွေကျပ် သိန်း ၁၀၀ ကို ကိတ်မုန့်အတွင်းထည့်၍ Surprise Gift လက်ဆောင်ပေး ခဲ့သည် ဟုဆိုကာ လူမှုကွန်ရက်ပေါ်၌ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဝေဖန်ခံနေရကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးသည် ၎င်း၏ဇနီး မွေးနေ့ အတွက် ငွေကျပ် သိန်း ၁၀၀ ကို ကိတ်မုန့်အတွင်းထည့်ကာ လက်ဆောင်ပေးခဲ့သည် ဟူသော ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံလာပြီးနောက် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်း ရာတွင် “သူ့အမျိုးတွေကဝေးတော့ ကျွန်တော်တို့က အညာဒေသက သူတွေ ဆိုတော့ ပြန်လို့လည်း မဖြစ်တော့ မွေးနေ့လေးကို စုပြီးတော့ Surprise အနေနဲ့ မုန့်ဖိုးပေးတာလေးကို လိုင်းပေါ်မှာ ဖွတော့ ကျွန်တော်လည်း အရေးယူခံရတော့မယ်။ ၆ လလောက် ကြာမှ လိုင်းပေါ်တင်တော့ ဒုက္ခရောက်စေချင်တဲ့ သဘော သက်ရောက်တာပေါ့။ မိသားစုတွေ ဒုက္ခရောက်ကုန်တော့မယ်။ သမီး Grade-9 နဲ့ Grade-5 နှစ်ယောက် ရှိပါတယ်။ ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

.

အဆိုပါ မွေးနေ့ပွဲအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ၎င်းတို့၏ မိသားစုဝင်များက ပြုလုပ်ပေးသည်ကို ယင်း ထွေ/အုပ်အရာရှိ၏ ဇနီး ဖြစ်သူက လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ပြီးနောက် ယခု ၆ လခန့် ကြာမှ အများ ပြည်သူထံသို့ ပြန့်နှံ့သွားပြီး ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ နေပြည်တော်သို ရာထူးတိုးဖြင့် ပြောင်းရွှေ့သွားသည့် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၏ ဂုဏ်ပြုနှုတ်ဆက်ပွဲတွင် ငွေကျပ် သိန်း ၇၀ ကျော် ကြဲချသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

.

No comments:

Post a Comment

Pages