ပအိုဝ်းဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဆီဆိုင်မြို့နယ်၊ နားမွန်းကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 3, 2026

ပအိုဝ်းဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဆီဆိုင်မြို့နယ်၊ နားမွန်းကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ခွန်ဖိုးစိန်နှင့် အဖွဲ့သည် ယမန်နေ့ ဇွန်လ ၂ ရက်က ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် နားသံကျေးရွာအုပ်စုနှင့် နားခုဲင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ တွေ့ဆုံရာတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ခွန်ဖိုးစိန်၊ ဒေသဦးစီးအဖွဲ့ဝင် ဦးခွန်ညိုမောင်၊ ဦးခွန်ကျော်အေး၊ ဦးခွန်ဒီဂေါလ် နှင့် ဦးတင်မိုးအောင်၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ခွန်ကျော်ရန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီး မိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူလူထုများက မိမိတို့၏ ကျေးရွာအုပ်စုများ နှင့် ကျေးရွာများတွင် လိုအပ်လျက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များနှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့က ဒေသခံများ တင်ပြလာသော အချက်များကို သက်ဆိုင်ရာ ဌာနများနှင့် တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

.

တွေ့ဆုံပွဲအပြီးတွင် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ အလက (နားမွန်း) ရှိ ယိုယွင်းပျက်စီး နေသော စာသင်ကျောင်းဆောင်၏ လိုအပ်ချက်များကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages