ဥဇဘက်ကို ဂိုးပြတ်နိုင်ပြီး အုပ်စု K ကို ဦးဆောင်သွားတဲ့ ကိုလံဘီယာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, June 18, 2026

ဥဇဘက်ကို ဂိုးပြတ်နိုင်ပြီး အုပ်စု K ကို ဦးဆောင်သွားတဲ့ ကိုလံဘီယာ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်

.

အုပ်စုတွင်းအဓိက ပြိုင်ဖက် ပေါ်တူဂီ တိုင်ပတ်နေချိန်မှာ ကိုလံဘီယာ အသင်းကတော့ ဥဇဘက်ကို ၃-၁ ဆိုတဲ့ရလာဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး အုပ်စုပထမနေရာကို သိမ်းပိုက်သွားခဲ့ပါတယ်။

.

.

ဆွာရက်ဇ်၊ ဒီယာ့ဇ်၊ ရိုဒရီဂွက်ဇ်တို့နဲ့ လူစုံခဲ့တဲ့ ကိုလံဘီယာ က ခူဆာနော့ဗ် ဦးဆောင်တဲ့ ဥဇဘက်ကို တစ်ပွဲလုံး အသာစီးကနေ ကစားသွားခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အများကြီးရခဲ့တာပါ။

.

ပထမပိုင်းရဲ့ အစောပိုင်းမိနစ်တွေမှာ ဥဇဘက်ရဲ့ခံစစ်က ကိုလံဘီယာ ကို ကောင်းကောင်း ထိန်းနိုင်ခဲ့တယ်လို့ ပြောလို့ရပြီး ရရှိခဲ့တဲ့ အခွင့်အရေးတချို့ကိုလည်း ကိုလံဘီယာ ကစားသမားတွေ လွဲနေခဲ့ကြတာပါ။ ပွဲချိန် မိနစ် ၄၀ မှာတော့ ကိုလံဘီယာက အဖွင့်ဂိုးရသွားခဲ့ပြီး မူနော့ဇ် က ဦးဆောင်ဂိုး သွင်းပေးသွားခဲ့တာပါ။

.

ဒုတိယပိုင်းမှာတော့ ဥဇဘက်က တိုက်စစ်ဖွင့်ကစားတဲ့ ပုံစံကို အသုံးပြုခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာပဲ ဖေဇူလက် က ဂိုးသမားနဲ့အနီးကပ်အနေအထားကနေ ခေါင်းတိုက်ပြီး ဥဇဘက်အတွက် ချေပဂိုးသွင်းပေးနိုင်ခဲ့တာပါ။

.

ဒါပေမဲ့ ဥဇဘက်ရဲ့ဖွင့်ကစားတဲ့ပုံစံက ကိုလံဘီယာ စိတ်ကြိုက်ဖြစ်သွားခဲ့တာမို့ ချေပဂိုးသွင်းပြီး ၅ မိနစ် အကြာ၊ ၆၅ မိနစ်မှာပဲ ဒီယာ့ဇ်က ကိုလံဘီယာအတွက် ဒုတိယမြောက် သွင်းဂိုးကို ဂိုးဧရိယာထဲမှာ ညာခြေနဲ့ သွင်းပေးခဲ့တာပါ။

.

ကိုလံဘီယာ တောင်ပံက လူးဝစ်ဒီယာ့ဇ် ကို ဥဇဘက်ခံစစ်က ထိန်းဖို့ခက်နေခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်တဲ့ အနေအထားနဲ့သာ ဖျက်ထုတ်မှုတွေ လုပ်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

.

ပွဲချိန် မိနစ် ၈၀ ကျော်မှာ ဂျက်ဖာဆင်လာမာနဲ့ လူစားဝင်ကစားသမား ကမ်းပက်ဇ် တို့ရဲ့ ကန်ချက်တွေ ဂိုးပေါက်နဲ့လွဲခဲ့လို့ ၁-၂ နဲ့ ပွဲပြီးပြီ ထင်ခဲ့ပေမဲ့ နာကျင်အချိန်ပို ၉ မိနစ်မှာ ကမ်းပက်ဇ်က ပြစ်ဒဏ်ဘော ပေးပို့မှုကနေ တစ်ဆင့် ခေါင်းတိုက်ဂိုးသွင်းယူသွားခဲ့တာမို့ ပွဲအပြီးမှာ ကိုလံဘီယာက ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

.

ကိုလံဘီယာက လာမယ့်ပွဲမှာလည်း ကွန်ဂိုနဲ့ တွေ့ဦးမှာမို့ ဒီခြေစွမ်းအတိုင်းသာ ဆက်ထိန်းထားနိုင်ရင် တော်တော်လေး အခြေအနေကောင်းမယ့် ပုံစံမှာရှိနေပြီး အုပ်စု နောက်ဆုံးပွဲမှာမှ ပေါ်တူဂီနဲ့ အဆုံးအဖြတ်ပွဲ သဘောမျိုး ကစားသွားရမယ့် အနေအထားပါ။

.

#KBZTai #Shan #WC2026 #Colombia #Sports #Football

.

No comments:

Post a Comment

Pages