.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့တွင် ဇွန်လ
၁၃ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း လောင်းကစား Slot ဂိမ်း တွေ့ရှိသည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။
.
.ပင်းတယမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ
၁၃ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်က လှည့်ကင်း ဆောင်ရွက်နေစဉ် ပိန္နဲကုန်းကျေးရွာရှိ
ကွမ်းယာဆိုင်အနီးအရောက်၌ လမ်းလျှောက်လာသူ ပိန္နဲကုန်း ကျေးရွာနေ အမျိုးသားတစ်ဦး၏ လက်ကိုင်ဖုန်းအား
စစ်ဆေးရာ ဖုန်းအတွင်း၌ Blue Water Fish အမည်ပါ
လောင်းကစားဆော့ဝဲဖြင့် တရားမဝင် Slots ဂိမ်းအားအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် ညောင်ကောက်ကျေးရွာနေ အခြားအမျိုးသားတစ်ဦး၏လက်ကိုင်ဖုန်းအား
စစ်ဆေးရာ ဖုန်းအတွင်း ၌ Regal Fishing အမည်ပါ
လောင်းကစားဆော့ဝဲဖြင့် တရားမဝင် Slots
ဂိမ်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်ကိုင်ဖုန်းအတွင်း အွန်လိုင်းလောင်းကစား
Slot ဂိမ်းများ တွေ့ရှိသူ အမျိုးသား ၂ ဦးကို ပင်းတယမြို့မရဲစခန်းတွင်
လောင်းကစားဥပဒေပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:
Post a Comment