မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကို ဩဂုတ်လ နောက်ဆုံးပတ်မှာ ပြန် စမယ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, August 21, 2026

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေကို ဩဂုတ်လ နောက်ဆုံးပတ်မှာ ပြန် စမယ်


၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမယ့် ဩဂုတ်လ နောက်ဆုံးပတ် ဖြစ်တဲ့ ၂၈ ရက်နေ့မှာ ပြန်လည် စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

.

ပြိုင်ပွဲအတွက် ပထမအကျော့ ပွဲစဉ်ဇယားကို ယမန်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၁၂ သင်းက ဩဂုတ်လ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၂၁ ရက်အထိ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

.

ပထမအကျော့ ပြိုင်ပွဲတွေကို ရန်ကုန်မြို့က သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ သီဟဒီပကွင်း၊ ပဒေသာကွင်း၊ မန္တလေးမြို့က ဗထူးကွင်း၊ ပဲခူးမြို့က Grand Royal ကွင်း၊ တောင်ကြီးမြို့က ပြည်နယ်အားကစားကွင်း နဲ့ ပုသိမ်မြို့က ကျောက်တိုင်အားကစားကွင်းတို့မှာ ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

.

ပွဲစဉ်ဇယားကို လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေ၊ AFC ၊ AFF ကလပ်အသင်း ပြိုင်ပွဲတွေနဲ့ အိမ်ကွင်း၊ အဝေးကွင်း ကစားရမယ့် အခြေအနေ၊ ရုပ်သံရိုက်ကူး ထုတ်လွှင့်မှု အခြေအနေတို့ကို ညှိနှိုင်းပြီး ထုတ်ပြန်တာ ဖြစ်တယ်လို့ သိရပါတယ်။

.

ပထမအကျော့ရဲ့ အဖွင့်ပွဲစဉ်တွေ အဖြစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ ချင်းလန်းနဲ့ ရတနာပုံ၊ သစ္စာအားမာန်နဲ့ မြဝတီ၊ ၂၉ ရက်နေ့မှာ ဒဂုံစတားနဲ့ ဟံသာဝတီ၊ ဧရာဝတီနဲ့ ISPE၊ ၃၀ ရက်နေ့မှာ ရန်ကုန်နဲ့ စကိုင်း၊ ရန်ကုန်စီးတီးနဲ့ ရှမ်းယူနိုက်တက်တို့ အသီးသီး ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။

.

ဒါ့အပြင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ လိဂ်ဖလားချန်ပီယံ ရန်ကုန်ယူနိုက်တက်တို့ရဲ့ MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲကို လာမယ့် ဩဂုတ်လ ၂၅ ရက်၊ ညနေ ၅ နာရီမှာ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

.

No comments:

Post a Comment

Pages