တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ဇလဲကျေးရွာ၌ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ပြည်သူ့စစ်အဖွဲ့က အမျိုးသား ၂ ဦးအား ဖမ်းဆီး၍ ငွေ တောင်းခံမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ
အမျိုးသား ပြည်သူ ၂ ဦးမှာ တောင်ကြီးမြို့သို့ လက်သမား လုပ်ရန် လာရောက်စဉ် ဇလဲကျေးရွာရှိ
ညောင်ပင် အနီးသို့ အရောက်၌ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ စစ်ဆေးခံရပြီးနောက်
ခေတ္တ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း ဖြစ်သည်ဟု သိရသည်။
.
“ ဇလဲ
ညောင်ပင်အောက် ရောက်တော့ PNO ပြည်သူ့စစ်အုပ်စုနဲ့ တွေ့တာ။ မူးယစ်ဆေးဝါး စစ်တာ မတွေ့တော့
ဖုန်းကို စစ်တယ်၊ ဖုန်းထဲမှာ စလော့ဂိမ်း တွေ့တယ်ဆိုပြီးတော့ ဖမ်းထားတယ်။ ပြီးတော့ မင်းတို့ကို
စစ်မှုထမ်းထဲ ထည့်မယ်။ ပိုက်ဆံ သိန်း ၃၀ ပေး၊ မပေးနိုင်ရင် စစ်မှုထမ်းထဲ ထည့်မယ်ဆိုပြီး
ဖမ်းထားတာပါ။” ဟု ဖမ်းဆီးခံရသူများ၏ အလုပ်ရှင်က ပြောသည်။
.
ယင်းကဲ့သို့
ဖမ်းဆီးပြီးနောက် ပြည်သူ့စစ် အရာရှိ၏ လက်ကိုင်ဖုန်းဖြင့် အလုပ်ရှင်ထံသို့ ဆက်သွယ်ကာ
ငွေဖြင့် လာရောက် ရွေးယူရန် ပြောဆိုခဲ့၍ အလုပ်ရှင်မှ PNO ပြည်သူ့စစ် တာဝန်ရှိသူ တစ်ဦးထံသို့
ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် ငွေကျပ် ၇၀၀၀၀ ယူဆောင်ကာ ၁၁ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့ခြင်း
ဖြစ်သည်ဟု သိရသည်။
.
“ ဖမ်းမယ်ဆိုလည်း
ဖမ်းလိုက်၊ အခုက ပိုက်ဆံတောင်းဖို့ပဲ လုပ်နေတာ။ တကယ်ဆို သူတို့မှာ ဖမ်းဆီးခွင့်လည်း
မရှိဘူး၊ ရဲကို အပ်တာမျိုးပဲ ဖြစ်ရမှာ။ အမှန်အတိုင်း ဖြစ်စေချင်တာပါ။” ဟု ၎င်းက ဆိုသည်။
.
ထို့အပြင်
အခြား ဒေသခံ ၆ ဦးကို ဖမ်းဆီးထားသည်အား တွေ့မြင်ခဲ့ရပြီး ၎င်းတို့ကို ငွေကျပ် ၅ သိန်းစီ
တောင်းယူ၍ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။
.
ဖမ်းဆီးခံရသူများ၏
အလုပ်ရှင်က ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့သို့ ဆက်သွယ်၍ ဖြစ်စဉ်နှင့် ပတ်သက်၍ တင်ပြရာ
၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ ရပ်/ကျေးများမှ ရောက်ရှိလာသည့် စစ်မှုထမ်းများနှင့်သာ
သက်ဆိုင်သည်ဟု ပြန်လည် ဖြေဆိုခဲ့ကြောင်း သိရသည်။
.
အဆိုပါ
အခြေအနေများနှင့် ပတ်သက်၍ အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ (PNO) အဖွဲ့ ပြောရေးဆိုခွင့်
ရှိသူ ထံသို့ ဆက်သွယ်မေးမြန်းရာတွင်မူ ဖြစ်စဉ်အား မသိရသေးကြောင်း၊ အမြန်ဆုံး စိစစ်၍
ပါဝင် ပတ်သက်သူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် နစ်နာသူများ ရှိပါကလည်း
အဆင်ပြေအောင် ကူညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။
.

No comments:
Post a Comment