အောင်ပန်းတွင် ချဲရောင်းသည့် အမျိုးသား တစ်ဦး အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, August 21, 2026

အောင်ပန်းတွင် ချဲရောင်းသည့် အမျိုးသား တစ်ဦး အဖမ်းခံရ


ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၌ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်၊ ညနေပိုင်းက ချဲရောင်းသည့် အမျိုးသား တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.

ကလောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ (၅)ပေလမ်းသွယ်ရှိ နေအိမ်တစ်ခုသို့ ဝင်ရောက် ရှာဖွေရာ နှစ်လုံးထီနှင့် သုံးလုံးထီ ရောင်းချ လောင်းကစား ပြုလုပ်သည့် သက်သေခံ ပစ္စည်းများနှင့်အတူ အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

အဆိုပါ အမျိုးသားကို အောင်ပန်းနယ်မြေရဲစခန်း၌ လောင်းကစား ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

.

No comments:

Post a Comment

Pages