.
.
❏ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်.
ဆဋ္ဌမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းဗုဒ္ဓကောလိပ်မှာ လာမယ့် နိုဝင်ဘာလ ၁၀ ရက်ကနေစတင်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
.
❏ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ ပြိုကျခဲ့သည့် တံတားကို ယာယီပြုပြင်ပေးသွားမည်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ သီရိမင်္ဂလာလမ်းမှာ ပြိုကျပျက်စီးခဲ့တဲ့တံတားကို ယာယီပြုပြင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
.
❏ တောင်ကြီးတွင် ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီများ သယ်ဆောင်လာသူ ၃ ဦး အဖမ်းခံရ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖာမွန်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်၊ ညပိုင်းက ကျပ်သိန်း ၄၅၀ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီတွေ သယ်ဆောင်လာတဲ့ အမျိုးသား ၃ ဦး ဖမ်းဆီး ခံခဲ့ရတယ်လို့ သိရပါတယ်။
.
No comments:
Post a Comment