.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရှိ
တည်းခိုဆောင်တစ်ခုတွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်၊ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ညောင်ရွှေမြို့၊ ကံသာရပ်ကွက်၊ တိန်နန်းတံတားအနီးရှိ View
Point Restaurant eco lodge တွင် ယမန်နေ့
အောက်တိုဘာ ၁၇ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွား
ရာသို့ ညောင်ရွှေမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊
ဒေသခံပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ၊ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရသည်။
.
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ စစ်ဆေးရာ
View Point Restaurant eco lodge ၏
ဧည့်သည် နေထိုင်ခြင်းမရှိသည့် အခန်းအမှတ် (၃၀၁)အတွင်း မျက်နှာကျက် ပေါ်တွင်
လျှပ်စစ်မီးသွယ်တန်း၍ ပန်ကာတပ်ဆင်ထားသည့် ပန်ကာမော်တာကွိုင် အပူလွန်ကဲရာမှ
မီးစတင်မီးလောင်ကျွမ်းပြီး အခန်းအမှတ် (၃၀၂) သို့
ထပ်မံကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မီးလောင်မှုကြောင့် အခန်း ၂ ခန်းရှိ
ပရိဘောဂနှင့် ဝါးသက်ကယ်မိုးတို့ မီးလောင်ကျွမ်းခဲ့ကာ ဆုံးရှံးမှုတန်ဖိုး ၁၆၈၀၀၀၀ ကျပ်ခန့်
ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ View
Point Restaurant eco lodge ဟိုတယ်မန်နေဂျာ ဦးထွန်းထွန်း အား ညောင်ရွှေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ
၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment