တောင်ကြီးမြို့နယ်၊
တောင်လေးလုံးကျေးရွာ၊ သံတဲကျေးရွာ သွားလမ်းခွဲအနီး၊ မိုင်တိုင်အမှတ်
(၁၀ဝ/၂ နှင့် ၁၀ဝ/၃) ကြား၌ ယနေ့ အောက်တိုဘာလ ၃ ရက်၊ ညဦးပိုင်းတွင် မော်တော်ယာဉ်
နှစ်ဆင့် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဟဲဟိုးမြို့ဘက်မှ
ရွှေညောင်မြို့ ဘက်သို့ ယာဉ်မောင်း ကိုကိုအောင် မောင်းနှင်သော "အောင်စစ်ပိုင်"
ယာဉ်လိုင်းမှ မော်တော်ယာဉ်သည် အခင်းဖြစ်နေရာ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ ရပ်ထားသည့်
၆ ဘီးယာဉ် ၏ နောက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကာ ယင်း ၆ ဘီးယာဉ်မှ
၎င်းရှေ့၌ ရပ်ထားသည့် ၁၂ ဘီးယာဉ်ကိုပါ ဆင့်ကဲ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုကိုအောင် တွင် ရင်ဘတ်အောင့်နာကျင်ဒဏ်ရာ ၊ ယာဘက်ခြေသလုံး ဖုရောင်ဒဏ်ရာများ ရရှိခဲ့ပြီး
မော်တော်ယာဉ်များလည်း ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးတွင် ရပ်တန့်ထားသော မော်တော်ယာဉ်များအား ဝင်ရောက်တိုက်မိပြီး မိမိကိုယ်ကို ထိခိုက်နာကျင်ဒဏ်ရာ ရရှိစေ ခဲ့သည့်အပြင် အခြားမော်တော်ယာဉ်များကိုပါ ထိခိုက်ပျက်စီးစေခဲ့သူ
ယာဉ်မောင်း ကိုကိုအောင် အား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇
ဖြင့် ၁၉၂၅ အချိန် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:
Post a Comment