နမ့်စန်- မိုးနဲ ကားလမ်းဘေးတွင် တရားမဝင် သစ်လုံးများကို ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 3, 2026

နမ့်စန်- မိုးနဲ ကားလမ်းဘေးတွင် တရားမဝင် သစ်လုံးများကို ပိုင်ရှင်မဲ့ ဖမ်းမိ



ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်- မိုးနဲသွား ကားလမ်းဘေး၌ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်၊ နေ့လယ်ပိုင်းက တရားမဝင် သစ်လုံးများကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သည်ဟု သိရသည်။

.

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများသည် သက်သေများနှင့်အတူ နမ့်စန်ဘိနယ်အတွင်း တရားမဝင်သစ် ရှာဖွေ ဖမ်းဆီးရေးလုပ်ငန်း ဆောင်ရွက်နေစဉ် မက်မုန်မွန်းကျေးရွာအုပ်စု၊ နမ့်စန်-မိုးနဲသွား ကားလမ်းဘေး တစ်နေရာတွင် ၃ ဒသမ ၈၀၄ တန်ရှိ တရားမဝင် အင်သစ်လုံး/သစ်တိုင် ၁၇ လုံး ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

.

“ ကျွန်တော်တို့ ဘိနယ်ထဲမှာ နယ်မြေ ရှင်းပြီးတော့ ဖမ်းတာပါ။ ပိုင်ရှင်တော့ မရှိဘူး၊ ကွင်းဆင်းပြီး နယ်မြေရှင်းတဲ့ သဘောပါပဲ။ သစ်တောဥပဒေနဲ့ အညီပဲ အရေးယူ ဆောင်ရွက်သွားမှာပါ။” ဟု သစ်တောဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းရှိ သစ်တောပြုန်းတီးရာ နေရာများအနက် မိုးနဲ၊ နမ့်စန်ဒေသများလည်း အပါအဝင် ဖြစ်ပြီး ပုံစံမျိုးစုံဖြင့် ခိုးယူခုတ်လှဲခြင်း၊ တင်ဆောင်ခြင်းများ ပြုလုပ်နေလျက် ရှိသော်လည်း ထိရောက်သည့် တားဆီးမှု မပြုလုပ်နိုင်ဘဲ သစ်တောများ အရှိန်အဟုန်ဖြင့် ပြုန်းတီးနေဆဲ ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages