.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
.
Ve Ve အမှတ်တံဆိပ် စတော်ဘယ်ရီ အရသာ အချိုရည်ဘူး အပါအဝင် သတ်မှတ်ချက်နှင့်
မကိုက်ညီသည့် စားသောက်ကုန် ၅ မျိုးကို ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ယမန်နေ့ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.Green Circle Co,ltd မှထုတ်လုပ်သည့် Ve Ve အမှတ်တံဆိပ်
စတော်ဘယ်ရီ အရသာ အချိုရည်ဘူး၊ နဂါးနီ ပုန်းရည်ကြီးစားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့်
ပုန်းရည်ကြီးအထုပ်၊ အော်ရိုရာ သစ်သီးယိုစုံ လုပ်ငန်းမှ ထုတ်လုပ်သည့် အော်ရိုရာ
အမှတ်တံဆိပ် မက်မန်းသီး ချိုချဉ်၊ နန်းတွင်းသူ အမှုန့်မျိုးစုံ လုပ်ငန်းမှ ထုတ်လုပ်သည့်
နန်းတွင်းသူ အမှတ်တံဆိပ် ငရုတ်သီးမှုန့်နှင့် ဒီဒီ နို့ဒိန်ချဉ် လိမ္မော်အနံ့အရသာ လုပ်ငန်းမှ
ထုတ်လုပ်သည့် ဒီဒီ အမှတ်တံဆိပ် နို့ဒိန်ချဉ် လိမ္မော်အရသာ အချိုရည်ဘူးတို့တွင် သတ်မှတ်
စည်းကမ်း များနှင့် ကိုက်ညီခြင်းမရှိကြောင်း FDA က ထုတ်ပြန်ထားခြင်းဖြစ်သည်။
.
အဆိုပါ စားသောက်ကုန်ထုတ်လုပ်လုပ်မှု လုပ်ငန်းမှ
စားသောက်ကုန်များသည် သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးတွေ့ရှိရသဖြင့် စျေးကွက်အတွင်းမှ အပြီးတိုင် ဖယ်ရှားလိုက်ကြောင်း
FDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
.
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်ကလည်း ကျားနဂါး မြိတ်ပဲငံပြာရည်နှင့် ကင်းမွန် ပဲငံပြာရည်တို့အား သတ်မှတ်ချက်နှင့် မကိုက်ညီသဖြင့် စျေးကွက်အတွင်း ရောင်း ချမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
.
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲမှုဦးစီးဌာန အနေဖြင့် အများပြည်သူ စားသုံးရန် မသင့်သော ဆေးဝါးနှင့်
အစားအသောက်များကို အခါအားလျော်စွာ ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.



No comments:
Post a Comment