ယူကရိန်းမှာ Starlink နဲ့ အမေရိကန် ဂြိုဟ်တုအချက်အလက် အခက်အခဲကြုံနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, October 15, 2026

ယူကရိန်းမှာ Starlink နဲ့ အမေရိကန် ဂြိုဟ်တုအချက်အလက် အခက်အခဲကြုံနေ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်

.

ယူကရိန်းမှာ Starlink ဂြိုဟ်တုအင်တာနက်နဲ့ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှုတွေကို ကြိုတင် သတိပေးတဲ့ အမေရိကန်အချက်အလက်တွေ အသုံးပြုရာမှာ အခက်အခဲတွေ ကြုံလာတာနဲ့အတူ ဥရောပ မဟာမိတ်တွေကလည်း အမြန်အစားထိုးပေးနိုင်မယ့် နည်းလမ်းမရှိသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

.

.

ယူကရိန်းအရာရှိတွေက Starlink ရဲ့ စစ်ဘက်သုံး Starshield ဝန်ဆောင်မှုဟာ အမြန်နှုန်းမြင့် ရွေ့လျားနေချိန် မှာ ပြတ်တောက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းတွေနဲ့ လေကြောင်းကာကွယ်ရေးလုပ်ငန်းတွေ ထိခိုက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးကလည်း ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်မှု နဲ့ပတ်သက်ပြီး ဒုတိယညဆက်တိုက် မိတ်ဖက်နိုင်ငံတွေထံက ကြိုတင် သတိပေးချက် မရခဲ့ဘူးလို့ ပြောပါ တယ်။

.

အခက်အခဲဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းကြား ဆက်ဆံရေး တင်းမာလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ထရမ့်က ရုရှားဒီဇယ်အပေါ် ပိတ်ဆို့မှု တွေကို ရုပ်သိမ်းဖို့ သဘောတူညီချက်တစ်ရပ် ကြေညာခဲ့သလို ဇယ်လန်း စကီးကိုလည်း ရာထူးက ဖယ်ရှားဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်က ယူကရိန်းနဲ့ ထောက်လှမ်းရေးအချက်အလက်တွေ ဆက်လက်မျှဝေနေတယ်လို့ ထရမ့်က ပြောပါတယ်။

.

ဥရောပနိုင်ငံတွေက ယူကရိန်းနဲ့ ဇယ်လန်းစကီးကို အခိုင်အမာထောက်ခံနေကြပေမယ့် ဒီအခက် အခဲတွေက ယူကရိန်းနဲ့ ဥရောပဟာ အမေရိကန်ရဲ့ ဂြိုဟ်တုစနစ်တွေကို အလွန်အမင်း မှီခိုနေရတာကို ပြသလိုက် ပါတယ်။ အမေရိကန်ရဲ့ ဂြိုဟ်တုစနစ်က ရုရှားဒုံးကျည်တွေ လွှတ်တင်ချိန်မှာ ထွက်ပေါ်တဲ့ အပူကို ထောက်လှမ်းပြီး ကြိုတင်သတိပေးနိုင်ပေမယ့် ဥရောပမှာ အလားတူစနစ် မရှိသေးပါဘူး။

.

Starlink အတွက်လည်း ယူကရိန်းစစ်သားတွေ ဒရုန်းတွေနဲ့ တိုက်ရိုက်တွဲသုံးနိုင်တဲ့ အဆင်သင့် အစားထိုးစနစ် ဥရောပမှာ မရှိသေးပါဘူး။ ဥရောပအစိုးရတွေနဲ့ ကုမ္ပဏီတွေက ရေရှည်အစားထိုးနိုင် မယ့် စနစ်တွေကို လုပ် ဆောင်နေကြပေမဲ့ လက်ရှိမှာ Starlink ကနေ OneWeb ကို ပြောင်းသုံးဖို့ တောင် စက်ပစ္စည်း ထောင်ပေါင်း များစွာကို အစားထိုးရမှာ ဖြစ်ပါတယ်။

.

ယူကရိန်းက ကာကွယ်ရေးနည်းပညာကုမ္ပဏီ Buntar Aerospace ရဲ့ ပူးတွဲတည်ထောင်သူ ဘိုဒန် ဆက်စ်က Starshield ဝန်ဆောင်မှု ရုတ်တရက်ပြတ်တောက်မှုဟာ စနစ်တစ်ခုတည်းကိုပဲ မှီခိုလို့မရဘူး ဆိုတာ ပြသ လိုက်တာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံအနေနဲ့ ကိုယ်ပိုင်စွမ်းရည်တွေ ရှိဖို့လိုတယ်လို့ ပြောပါတယ်။

.

ဥရောပမှာလည်း အမေရိကန်စစ်ဘက်နည်းပညာအပေါ် အလွန်အမင်းမှီခိုနေရတာနဲ့ပတ်သက်ပြီး စိုးရိမ်မှု တွေ ပိုများလာပါတယ်။ ဥရောပကာကွယ်ရေးကော်မရှင်နာ အန်ဒရီယပ်စ် ကူဘီလီယပ်စ်က ဥရောပဟာ အမေရိကန်ရဲ့ အာကာသစွမ်းရည်တွေကို အတော်လေးမှီခိုနေရတယ်လို့ ပြောပြီး ကိုယ်ပိုင် စွမ်းရည်တွေ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

.

ဥရောပသမဂ္ဂရဲ့ IRIS² ဂြိုဟ်တုစနစ်နဲ့ ဂျာမနီရဲ့ ကိုယ်ပိုင်စစ်ဘက်ဂြိုဟ်တုစနစ်တွေကို ဖော်ဆောင်နေ ကြပေမယ့် IRIS² စနစ်က အစီအစဉ်အတိုင်းဖြစ်ခဲ့ရင်တောင် လည်ပတ်နိုင်ဖို့ နှစ်အတော်ကြာဦးမယ်လို့ ဆိုပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages