.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ
အဋ္ဌမည ဖြစ်သော ယမန်နေ့ နိုဝင်ဘာ ၂၃ ရက် (တန်ဆောင်မုန်း လပြည့် အဖိတ်ည) တွင် ယမ်းထိလူနာ
၁၆ ဦး အပါအဝင် ထိခိုက်ဒဏ်ရရသူ၊ မူးလဲသူ ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။
.
.ယမန်နေ့ ညပိုင်းက ညမီးကြီး မီးပုံပျံ လွှတ်တင်စဉ်
ယမ်းထိသူ လူနာ ၁၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးနှင့် မူးလဲသူ ၉၅ ဦး စုစုပေါင်း ၁၁၇ ဦး ရှိခဲ့ပြီး
၃ ဦးကို စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကာ ဒဏ်ရာပြင်းထန် စိုးရိမ်ရလူနာ မရှိခဲ့ကြောင်း
သိရသည်။
.
ယခုနှစ် ၂၀၂၆ တောင်ကြီးတန်ဆောင်တိုင်ပွဲသည်
လူများပိုမိုစည်ကားလာပြီး ကွင်းအတွင်း လူပြည့်ကြပ်မှုကြောင့် မကြာခဏ မူးမေ့လဲမှု၊ ခိုက်ရန်ဖြစ်ပွားမှုများ
ရှိခဲ့သည်ဟု သိရသည်။
.
ယနေ့ နိုဝင်ဘာ ၂၄ ရက်၊ တန်ဆောင်မုန်းလပြည့်ညသည် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲ နောက်ဆုံးရက်ဖြစ်ပြီး ယမန်နေ့ထက် ပွဲလာပရိသတ် ပိုမိုများပြားလာနိုင်ပြီး
လူကြပ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကျန်းမာရေးမကောင်းသူ၊ အသက်အရွယ်ကြီးရင့်သူများနှင့်
ကလေးသူငယ်များ လူကြပ်သည့် နေရာများသို့ မသွားရောက်သင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
.jpg)
No comments:
Post a Comment