ယနေ့ တန်ဆောင်တိုင်ပွဲတော် နဝမမြောက်ညတွင် မီးပုံးပျံ ၁၃ လုံး လွှတ်တင်မည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Tuesday, November 24, 2026

ယနေ့ တန်ဆောင်တိုင်ပွဲတော် နဝမမြောက်ညတွင် မီးပုံးပျံ ၁၃ လုံး လွှတ်တင်မည်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

.

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ အဋ္ဌမနေ့ဖြစ်သော ယနေ့ နိုဝင်ဘာ ၂၅ ရက်၊ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံ ၈ လုံး၊ စိန်နားပန်မီးပုံးပျံ ၅ လုံး၊ စုစုပေါင်း ၁၃ လုံး လွှတ်တင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

ယနေ့ ညပိုင်းတွင် ညမီးကြီး မီးပုံးပျံများ ဖြစ်သော လွိုင်ခမ်း၊ A to Z ၊ EFF Gas ၊ KBZ Group ၊ ထက်လူ၊ မြို့စား၊ ဩခ၊ နောင်မွန် မီးများနှင့် စိန်နားပန် မီးပုံးပျံများ ဖြစ်သော KBZ Group ၊ နှင်းစက်၊ ရွှေကူး၊ ဇွဲလူငယ်၊ သုံးရာသီကဖေး စသည့် မီးပုံးပျံအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

ယနေ့ညသည် မီးပုံးပျံ လွှတ်တင်ခြင်း အစီအစဥ်၏ နောက်ဆုံးဖြစ်သည့် နည်းတူ လပြည့်နေ့ ဖြစ်သည့်အတွက် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၏ အစည်ကားဆုံးရက် ဖြစ်ခြင်းကြောင့် ပွဲလာပရိသတ် ပိုမို များပြားနိုင်ကြောင်း လည်း သိရသည်။

.

“ဒီနေ့က လပြည့်နေ့ပေါ့။ ပွဲမှာ အစည်ဆုံးရက်ပဲ၊ ပွဲလာတဲ့ ဧည့်သည်တွေ အနေနဲ့  သတိပြုမိကြရအောင်လို့ပါ။ ရောဂါအခံ ရှိတဲ့သူတွေကလည်း လူကြပ်တဲ့နေရာကို မသွားမိကြဖို့ လိုတာပေါ့။" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်းအတွင်း၌ ကျင်းပပြုလုပ်နေခြင်း ဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲကို မနက်ဖြန် နိုဝင်ဘာလ ၂၅ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages