ရွှေညောင်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား ဖမ်းမိ ‎ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, November 7, 2026

ရွှေညောင်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား ဖမ်းမိ ‎

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

‎.

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၆ ရက်၊ ညပိုင်းက အမျိုးသမီး တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

ရွှေညောင်နယ်မြေရဲစခန်း တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်၊ ည ၈ နာရီခန့်က ရွှေညာင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ရေနွေးကျေးရွာ လမ်းခွဲတွင် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက် နေစဉ် ရေနွေးကျေးရွာဘက်မှ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ် အမျိုးသမီးတစ်ဦး အား တားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

.

ထိုသို့ စစ်ဆေးရာတွင်း လမ်းလျှောက်လာသူ အမျိုးသမီးမှာ ရွှေညောင်မြို့နေ နန်းအုန်းရီ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ အပြာရောင်ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅ ပြား၊ အလေးချိန် ၁၅ ဒသမ ၇၅ ဂရမ်၊ ကာလတန်ဖိုး ၈၇၅၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

‎အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ နန်းအုန်းရီ အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages