အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ကိုင်သူများနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူများကို မူဆယ်တွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, April 30, 2026

အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ကိုင်သူများနှင့် တရားမဝင် ဝင်ရောက်နေထိုင်သူများကို မူဆယ်တွင် ဖမ်းမိ



အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေကြသူများနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက် ရှိသည့် တရုတ်နိုင်ငံသားများကို မူဆယ်မြို့၌ ယမန်နေ့ ဧပြီလ ၂၉ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ ဖွေဟုန်းနယ်မြေရှိ နေအိမ်တစ်လုံးအတွင်းအွန်လိုင်းလိမ်လည်လောင်း ကစားမှု လုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေး တိမ်းရှောင်နေကြသည့် တရုတ်နိုင်ငံသား ၂ ဦး နှင့် မြန်မာနိုင်ငံသား ၁၂ ဦးကို ဆက်စပ် ပစ္စည်းများနှင့်အတူ လည်းကောင်း၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံး အတွင်း၌ တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးကို လည်းကောင်း ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ဖမ်းဆီးရမိသူများကို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။

No comments:

Post a Comment

Pages