စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ထပ် တက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, April 3, 2026

စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများ ထပ် တက်



စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည် ရည်ညွှန်းဈေးနှုန်းများတွင် ယနေ့ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ စက်သုံးဆီဈေးများ ထပ်မံ မြင့်တက်လာကြောင်း သိရသည်။

.

တောင်ကြီးမြို့တွင် ယမန်နေ့က 92 တစ်လီတာလျှင် ၄၅၇၅ ကျပ်မှ ယနေ့တွင် ၄၇၅၀ ကျပ်သို့လည်းကောင်း၊ ဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ်မှ ၅၈၀၀ ကျပ်၊ ပရီမီယံ တစ်လီတာလျှင် ၆၂၁၀ ကျပ်မှ ၆၉၃၀ ကျပ်သို့ လည်းကောင်း မြင့်တက်လာခြင်း ဖြစ်ပြီး 95 မှာမူ တစ်လီတာလျှင် ၅၁၀၀ ကျပ်မှ ယနေ့တွင် ၄၉၀၅ ကျပ်သို့ ပြန်လည် ကျဆင်းလာကြောင်း တွေ့ရသည်။

.

အဆိုပါ ဈေးနှုန်းမှာ ရည်ညွှန်းဈေးနှုန်းများသာ ဖြစ်ပြီး ပြင်ပတွင်မူ စက်သုံးဆီအရောင်းဆိုင်နှင့် နေရာဒေသအလိုက် ဈေးနှုန်းကွာဟနိုင်ကာ မှောင်ခိုဈေးကွက်များလည်း ပေါ်ထွက်လာနေပြီး ဓါတ်ဆီ တစ်လီတာလျှင် တစ်သောင်းကျပ် ကျော် အထိပင် ဈေးပေးဝယ်နေရကြောင်း သိရသည်။

.

ကမ္ဘာ့ ရေနံတင်ပို့မှု၏ ဗဟိုချက်ဖြစ်သော အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်နေသည့် အီရန်၊ အမေရိကန်၊ အစ္စရေး ပဋိပက္ခများကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် စက်သုံးဆီ ရှားပါးမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း စားသောက်ကုန်နှင့် လုပ်ငန်းသုံးဆိုင်ရာ ပစ္စည်း ဈေးနှုန်းများလည်း မြင့်တက်လာနေလျက် ရှိသည်။

No comments:

Post a Comment

Pages