“ဝ” ဒေသ မိုင်းပေါက်မြို့တွင် လူသတ်မှုကျူးလွန်သူနှင့် ခိုလုံခွင့်ပေးသူ လူငယ်စုံတွဲကို သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, April 2, 2026

“ဝ” ဒေသ မိုင်းပေါက်မြို့တွင် လူသတ်မှုကျူးလွန်သူနှင့် ခိုလုံခွင့်ပေးသူ လူငယ်စုံတွဲကို သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်


UWSA ထိန်းချုပ်နယ်မြေဖြစ်သော “ဝ” ဒေသ၊ မိုင်းပေါက်မြို့လူသတ်မှု ကျူးလွန်သူ အမျိုးသားနှင့် ၎င်းအား ခိုးလုံခွင့် ပေးကာ သက်သေများ ဖျောက်ဖျက်ပေးသူ အမျိုးသမီး စုံတွဲကို သေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။

.

အဆိုပါ သေဒဏ်နှင့် ထောင်ဒဏ်စီရင်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂ ရက်၊ နံနက်ပိုင်းက မိုင်းပေါက် မြို့တွင် လူထုရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Wa News Land ၏ သတင်း ဖော်ပြချက်အရ သိရသည်။

.

ကျူးလွန်သူတွေက သမီးရည်းစားတွေလေ။ ကောင်လေးက လူကိုသေနတ်နဲ့ ပစ်သတ်ပြီး ပိုက်ဆံ ယွမ်ငွေ ၂ သောင်းယူသွားတာ။ ကောင်လေးက ဆေးလည်း သုံးထားတယ်။ လောင်းကစားလည်း လုပ်တယ်။ အလောင်းကိုလည်း ဖျောက်ဖျက်ခဲ့ပြီး သူ့ကောင်မလေးဆီ သွားနေခဲ့တာ။ သူ့ ကောင်မလေးကလည်း ဖုန်းပြောတဲ့ သက်သေတွေ၊ သွေးစွန်းနေတဲ့ အဝတ်တွေ ဖျောက်ဖျက်ခဲ့တာ။ ကြံရာပါပေါ့” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောဆိုခဲ့ကြောင်း Wa News Land တွင် ဖော်ပြထားသည်။



"ဝ" ပြည် တရားစီရင်ရေးကော်မတီ (WSP) ၏ ထုတ်ပြန်ချက်အရ မိုင်းပေါက်ခရိုင်၊ တရားစီရင်ရေး ကော်မတီ ပြည်သူ့တရားရုံးမှ ပထမအကြိမ်စစ်ဆေးခြင်း၊ “ဝ" ပြည်နယ်တရားစီရင်ရေး ကော်မတီ ပြည်သူ့တရားရုံးမှ ဒုတိယ အကြိမ်စစ်ဆေးခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ကျူးလွန်သူ အမျိုးသားအား တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ထို့အပြင် အမျိုးသမီးငယ်သည် သက်သေ အထောက်အထားများ ဖျက်ဆီးရာတွင် အားပေးကူညီမှုနှင့် ရာဇဝတ်သား တစ်ဦးကို ခိုလှုံခွင့်ပေးမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။



UWSA ထိန်းချုပ်ရာ “ဝ” ဒေသ၊ ပန်ဆန်းမြို့တွင် မတ်လ ၂၉ ရက်ကလည်း လူသတ်မှု ကျူးလွန်သူ အမျိုးသား ၄ ဦးကို သေဒဏ် ချမှတ်ခဲ့သေးသည်။

.

(Source – Wa News Land)

No comments:

Post a Comment

Pages