လားရှိုးတွင် ကားသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, April 3, 2026

လားရှိုးတွင် ကားသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ



ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိးမြို့တွင် ယမန်နေ့ ဧပြီလ ၂ ရက်တွင် ပန်ဆန်း - လားရှိုး ပြေးစွဲနေသည့် ကားသမား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

.

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ လားရှိုးမြို့၊ ရပ်ကွက်(၅) တွင် နေထိုင်သည့် ကိုညီဆန်း ဆိုသူ ဖြစ်ပြီး ပါဆယ်ပစ္စည်း၏ တန်ဆာခ တောင်းခံစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

.

ပါဆယ်ထုပ်က ဖုန်း ၂ လုံးလို့ ပြောတယ်။ ယွမ်ငွေ ၂၀၀၀၀ တန်တယ်။ ပစ္စည်းဖိုး (တန်ဆာခ) မချေရသေးတော့ တောင်းလိုက်တဲ့ချိန် ပိုက်ဆံ သွားယူဦးမယ် ပြောပြီး ကားထဲကနေ သေနတ် ယူပြီး ပစ်လိုက်တာပဲ။ ပစ္စည်း လာယူတဲ့လူ ၃ ယောက် ပါတယ်။” ဟု သတင်းရင်းမြစ် တစ်ဦးက ပြောဆိုကြောင်း Wa News Land တွင် ဖော်ပြထားသည်။

.

သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ ပထမတစ်ချက်မှာ လည်ပင်းဘေးဖက်သို့ ရှပ်ထိဒုတိယ တစ်ချက်မှာ ကားအမိုးအား ထိမှန်ခဲ့ပြီး လက်ရှိတွင် လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေလျက် ရှိကြောင်း သိရသည်။

.

Source – Wa News Land

No comments:

Post a Comment

Journal Download

Photo of three cats

Pages