.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊
ဂနိုင်ရွေးရွာတွင် ယနေ့ ဧပြီလ ၂ ရက်၊ နံနက်ပိုင်း က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.မီးလောင်မှုမှာ ဂနိုင်ရွေးရွာ တောင်ပေါ်ရှိ နေအိမ်တစ်လုံးတွင်
မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လူမနေတဲ့အိမ်လို့တော့ သိရပါတယ်။ ဘာကြောင့်လောင်လဲ
မသိပါဘူး” ဟု ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ
တာဝန်ရှိသူအား ကမ္ဘောဇတိုင်းက ဆက်သွယ်မေးမြန်းရာတွင် မဟုတ်မှန်ကြောင်းနှင့် သတင်းမရရှိသေးကြောင်း
ပြန်လည်ဖြေကြားခဲ့သည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့်
ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရ သေးချေ။
.



No comments:
Post a Comment