ရှမ်းပြည်နယ်၊
ညောင်ရွှေမြို့နယ်၌ ပြုလုပ်မည့်
အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးကန် ရေလယ် ဧည့်ခန်းမနေရာတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
သင်္ကြန်အကြိုနေ့
ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်ထိ ရေလယ် ဧည့်ခန်းမနေရာတွင် ရေပေါ်သင်္ကြန်ကို
ခရီးသွားများ လာရောက်အပန်းဖြေနိုင်ရန်၊ ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ရန်နှင့် အင်းသားတိုင်းရင်းသားများ၏
ရိုးရာဓလေ့များကို ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ အင်းလေးရေပေါ်သင်္ကြန်ကို
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ သီးခြားကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့ ဆောင်ရွက်လျက်
ရှိပါတယ်။ ရေပေါ်သင်္ကြန်ကို ဆောင်ရွက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခရီးသွားဧည့်သည်တွေကို
ဖိတ်ခေါ်တဲ့အနေနဲ့ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်း
ဦးတည်ရည်မှန်းပြီးတော့ စီမံဆောင်ရွက်လျက် ရှိပါတယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ပွဲတော်တွင်
တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများ၊ ယိမ်းအကများ အပြင် အနုပညာရှင်များ၏ ခေတ်ပေါ်တေးဂီတ
ဖျော်ဖြေမှုများပါ ပါဝင်မည် ဖြစ်ကာ ရေကစားနိုင်ရန်အတွက် ရေပိုက်များဖြင့် သီးခြား စီစဉ်ပေးသွားမည်ဟုလည်း
သိရသည်။



No comments:
Post a Comment