ကျောက်မဲမြို့နေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 2, 2026

ကျောက်မဲမြို့နေ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

.

.

ပျောက်ဆုံးနေသည့် မိန်းကလေးမှာ ကျောက်မဲမြို၊ ရပ်ကွက် (၇) နေ ဦးအောင်ကျော်မိုးနှင့် ဒေါ်လှလှနှင်း တို့၏ သမီးဖြစ်သူ မမျိုးသီရိသွယ် ဖြစ်ကြောင်း သိရသည်။

.

“တပ်မတော်နေ့ (မတ်လ ၂၇ ရက်) မနက် ၅ နာရီကတည်းက ပျောက်သွားတာပါ။ အခုချိန်အထိ အဆက်အသွယ် မရသေးပါဘူး။ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ တစ်ခါမှ အခုလို မသွားဖူးပါဘူး” ဟု နီးစပ်သူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မိန်းကလေးငယ် မမျိုးသီရိသွယ်အား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၆၈၂ ၃၃၈ ၇၃၄ နှင့် ၀၉ ၇၇၈ ၈၂၇ ၁၁၇ တို့သို့ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages