တောင်ကြီးမြို့နယ်အတွင်း တောင်းရမ်းစားသောက်သည့် ကလေးငယ် များပြားလာနေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 2, 2026

တောင်ကြီးမြို့နယ်အတွင်း တောင်းရမ်းစားသောက်သည့် ကလေးငယ် များပြားလာနေ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်

.

တောင်ကြီးမြို့နယ်အတွင်းရှိ လူစည်ကားသည့် နေရာများတွင် တောင်းရမ်းစားသောက်သည့် ကလေးငယ် များပြားလာနေပြီး အချို့မှာ မိဘများက ပညာသင်အရွယ် ကလေးငယ်များကို လိုက်လံတောင်းရမ်းခိုင်းမှုများ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

.

.

အဆိုပါ ကလေးငယ်များကို တောင်ကြီးမြို့ပေါ်ရှိ ညဈေးတန်းများ အပါအဝင် ရွှေညောင်-ညောင်ရွှေသွား ကားလမ်းဘေး စသည့် လူစည်ကားရာ နေရာများတွင် အများဆုံး မြင်တွေ့နေရကြောင်း သိရသည်။

.

“အရင်က ရှင်းပြီး ပျောက်သွားပါတယ်။ ခုတစ်ခါပြန်ပေါ်လာတာပါ။ ဒီကလေးတွေကို မိဘတွေက တောင်းရမ်းခိုင်းတာလို့ သိရတယ်။ တချို့ကလေးတွေဆို မိဘအုပ်ထိန်းသူတွေဆီကတဆင့် တစ်နေ့ ကျပ် ၁၀၀၀၀ နဲ့ နေ့စား ပြန်ငှားတာတွေရှိတယ်” ဟု ရွှေညောင်မြို့နေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကလေးငယ်များကို ထိုသို့ တောင်းရမ်းစေခိုင်းမှုများအပြင် တောင်းရမ်းခ ပိုက်ဆံမရပါက ရိုက်နှက်ခံရမှုများ ရှိသည့်အတွက် ကလေးငယ်အချို့က ခိုးဝှက်လုယူမှုများ ရှိလာကြောင်း ဒေသခံများထံက သိရသည်။

.

ထို့အပြင် ယင်း တောင်းရမ်းသည့် ကလေးငယ်များကြောင့် ယာဉ်တိုက်မှုအန္တရာယ်ကိုလည်း စိုးရိမ်နေရ ကြောင်း သိရသည်။

.

တောင်ကြီးမြို့ပေါ်ရှိ ညဈေးတန်းများနှင့် လူအသွားအလာများသည့် နေရာများတွင်လည်း တောင်းရမ်း စားသောက်သည့် ကလေးငယ် အများအပြား ရှိနေပြီး ယမန်နေ့ ဧပြီ  ၁ ရက်ကလည်း တောင်းရမ်းသူ မိန်းကလေးငယ်တစ်ဦး လက်ကိုင်ဖုန်း ခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages