.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊
သာစည်မြို့နယ်အစပ်တွင် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ညနေပိုင်းက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး
မိုးကြိုးစက်ကွင်း ထိမှန် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
သာစည်မြို့နယ်၊ ကျွဲတပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ
အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်သည် ယမန်နေ့ ဧပြီလ ၂၈ ရက်၊ ညနေ ၄ နာရီခန့်က မိခင်နှင့်အတူ
ဂျင်းစိုက်ပျိုးခြံအတွင်း နွားချေးထည့်လိုက်သွား ရာမှ အပြန်တွင် မိုးကြိုးစက်ကွင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
မိုးကြိုးစက်ကွင်း ထိမှန်မှုကြောင့် မိန်းကလေးငယ်တွင်
ခန္ဓာကိုယ် လောင်ကျွမ်းခြင်း မရှိသော်လည်း သတိလစ် မေ့မျောနေသဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့
ပို့ဆောင်ခဲ့ရာ လမ်းခရီးအခက်အခဲကြောင့် ည ၉ နာရီခန့်မှ ဆေးရုံသို့ ရောက်ရှိခဲ့ပြီး
ည ၁၁ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးသူ မိန်းကလေးငယ်၏ ရုပ်အလောင်းအား ယနေ့
ဧပြီလ ၂၉ ရက်တွင် အောင်ပန်းမြို့၊ မင်းဂူ သုဿာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင်
မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊
လျှပ်စစ်လက်ခြင်းနှင့် မိုးသီးကြွေကျခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့်
ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက အကြံပြုထားသည်။
.


No comments:
Post a Comment