တာချီလိတ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို အရေးယူမည် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, April 29, 2026

တာချီလိတ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို အရေးယူမည်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်

.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရေနုတ်မြောင်း၊ ရေချောင်းများနှင့် လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန်ပစ်သူများအား တွေ့ရှိပါက စည်ပင်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းနေသော ရေချောင်းများဖြစ်သည့် မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်း၊ နိုင်းနိုင်းချောင်း၊ (၁၂)လမ်းချောင်း၊ ခိုတောင်းချောင်း၊ ဝမ်ဟောင်ချောင်း နှင့် မြို့တွင်းချောင်း၊ မြောင်းများအတွင်းသို့ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုကြောင့် မြို့အင်္ဂါရပ်နှင့် ညီညွှတ်မှုမရှိခြင်း၊ ရေမြောင်း၊ ရေချောင်းများတွင် အမှိုက်များပိတ်ဆို့မှုများကြောင့် ရေစီးရေလာ ကောင်းမွန်မှုမရှိခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကျန်းမာရေးထိခိုက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းတို့ကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ယနေ့ ဧပြီလ ၂၉ ရက်တွင် အမိန့်ထုတ်ပြန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

.

တားမြစ်ချက်ကို ဖောက်ဖျက်ပြီး မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရေမြောင်း၊ ရေချောင်းနှင့် မြို့တွင်းလမ်းမကြီးများတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကို စိစစ်တွေ့ ရှိရပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ(၇၈)အရ ဒဏ်ငွေအပြင် ထိရောက်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

.

တာချီလိတ်မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အမှိုက်သိမ်းဆည်းခြင်းနှင့် မြို့သန့်ရှင်းလှပရေး လုပ်ငန်းများကို စည်ပင်သာယာရေးဌာနနှင့် UBL ပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages