တာချီလိတ်တွင် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, April 30, 2026

တာချီလိတ်တွင် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော နေအိမ်များမှ ပြည်သူများအတွက် ယနေ့ ဧပြီလ ၃၀ ရက်က ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

.

.

ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူ ၂၁ ဦးတို့အား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထိုသို့ ပေးအပ်ရာတွင် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာနှင့် ပုန်းထွန်ရပ်ကွက်ရှိ လုံးဝ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၂ လုံး၊ အိမ်ထောင်စု ၂ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀ နှင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးခဲ့ရသည့် အိမ်ခြေ ၁၇ လုံး အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀ အိမ်ထောင်စု ၁၉ စုမှ လူဦးရေး ၆၆ ဦးအတွက် ဆန်ရိက္ခာဖိုး တန်ဖိုးငွေကျပ် ၃၃၀၀၀၀၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ နောင်ကျန်လားဟူရွာမှ လုံးဝပြိုကျ ပျက်စီးခဲ့သည့် အိမ်ခြေ ၂ လုံး၊ အိမ်ထောင်စု နှစ်စုမှ လူဦးရေ ၄ ဦးအတွက် အိမ်​ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၊ ဆန်ရိက္ခာဖိုး ၂၀၀၀၀၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး တို့ကို လေဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.

တာချီလိတ်မြို့တွင် ဧပြီ ၂၇ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(က)အုပ်စုနှင့် ပုန်းထွန် ရပ်ကွက်များတွင် နေအိမ်ပြိုကျပျက်စီး မှုများ ရှိခဲ့ပြီး ဧပြီ ၂၈ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ နောင်ကျန် လားဟူ ရွာမှ အိမ်ခြေ ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages