တောင်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, April 30, 2026

တောင်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

.

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ကဆန်ညောင်ရေသွန်းပွဲ ကို ယနေ့ ဧပြီလ ၃၀ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ပင့်သံဃာ ၁၀၈ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စူဠာမုနိ လောကချမ်းသာစေတီတော် ရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့၊ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းရှေ့ ဗောဓိကွင်းရှိ ဗောဓိညောင်ပင်တွင် ယနေ့ ဧပြီလ ၃၀ ရက်၊ နံနက်ပိုင်းက ပထမအကြိမ် သံဃာ ၁၀၈ ပါးတို့ကို အရုဏ်ဆွမ်းလောင်းလှူပွဲနှင့် ညနေပိုင်း တွင် တတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages