စက်သုံးဆီ ဈေးနှုန်း ဆက်လက် ကျဆင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 1, 2026

စက်သုံးဆီ ဈေးနှုန်း ဆက်လက် ကျဆင်း

 


ယနေ့ မေလ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းလက်လီ ဈေးနှုန်းစာရင်းအရ စက်သုံးဆီ အမျိုးအစားအလိုက် ဆက်လက် ကျဆင်းလာကြောင်း သိရသည်။

.

တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၄၈၄၅ ကျပ်မှ ၄၆၉၀ ကျပ်၊ 95 တစ်လီတာလျှင် ၅၀၈၀ ကျပ်မှ ၄၈၅၀ ကျပ်၊ ဒီဇယ် ရိုးရိုး တစ်လီတာလျှင် ၅၉၂၀  ကျပ်မှ ၅၄၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၇၂၀၀ ကျပ်မှ ၆၆၃၅ ကျပ်သို့ အသီးသီး ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

.

ပြင်ပ မှောင်ခိုဈေးကွက်တွင်မူ စက်သုံးဆီ အရောင်းဆိုင်နှင့် နေရဒေသအပေါ် မူတည်၍ ဓါတ်ဆီ တစ်လီလျှင် ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ထိ ရှိနေဆဲ ဖြစ်ကာ စက်သုံးဆီ အရောင်းဆိုင် အချို့၏ ဆိုင် ပိတ်ထားခြင်း၊ ဆီ မရှိဟု အကြောင်းပြခြင်းများကြောင့် ဝယ်ယူသူ ပြည်သူများ အခက်အခဲ ဖြစ်ပေါ်နေရဆဲ ဖြစ်သည်။

.

No comments:

Post a Comment

Pages