.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်
.
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ (၁)၊
အောင်သပြေလမ်းရှိ လျှပ်စစ်ထရန်စဖော်မာတွင် ယနေ့ ဧပြီလ ၃ ရက်၊ နေ့လယ်ပိုင်းက
မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.၃၁၅ ဗို့ရှိ တောင်ကြီးမြိုနယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနပိုင်
လျှပ်စစ်ထရမ်စဖော်မာ၏ ကေဘယ် ကြိုးရှော့ဖြစ်ရာမှတစ်ဆင့် ထရမ်စဖော်မာမိန်းခုံနှင့်
အနီးရှိ အမှိုက်များအား မီး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကို မီးသတ်ဦးစီးဌာန၊
တောင်ကြီးမြိုနယ် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင်
မီးငြိမ်းသွား ခဲ့ကြောင်း သိရသည်။
.
"နေ့လယ် ၁၁ နာရီ ၅၅ မိနစ်လောက်မှာ
လောင်တာပါ။ အခုတော့ ငြိမ်းသွားပါပြီ" ဟု တွေ့ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော။
.
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လျှပ်စစ်ထရန်စဖော်မာ
ကာလ တန်ဖိုးငွေ သိန်း ၇၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အနီးရှိ
လူနေအိမ်များနှင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
.



No comments:
Post a Comment