.
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်
.
စွမ်းအင်ဝန်ကြီးဌာနက ယနေ့
ဧပြီလ ၃ ရက်ကစပြီး မောင်းနှင်သည့် ခရီးအကွာအဝေး (Mileage) အလိုက် ဆီရောင်းချမည့်စနစ်သို့ ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ထားသည်။
.
.စက်သုံးဆီ ဝယ်ယူရာတွင် မသမာမှုများ မရှိစေရေးနှင့်
စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ယင်းကဲ့သို့ ပြောင်းလဲ ကျင်းသုံးခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါစနစ်သစ်အရ အဓိကအားဖြင့် ဦးစားပေးထိန်းကျောင်းသွားမည့် ယာဉ်များမှာTaxi
အငှားယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ အဝေးပြေးယာဉ်များနှင့်
အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ အားလုံးကို ရည်ညွှန်းကြောင်း သိရှိရသည်။
.
ယခု အစီအစဉ်အရ ရည်ညွှန်းပါ ယာဉ်များအနေဖြင့်
အမှန်တကယ် မောင်းနှင်ခဲ့သည့် ကီလိုမီတာ၊ မိုင် အကွာအဝေးပေါ် မူတည်ပြီးမှသာ
ဆီပမာဏကို တွက်ချက်ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
.
Taxi၊ သုံးဘီးယာဉ်နှင့် ကုန်တင်ယာဉ်များကို ဆီပမာဏ ပိုမိုတိုးမြှင့်သတ်မှတ်ပေးထားပြီး
တစ်ပတ်လျှင် ၃ ရက် ဆီဖြည့်တင်းခွင့် ပြုထားသည့်အတွက် စနစ်တကျ ဖြစ်သွားသည်ဟု
ဆိုသည်။
.
ထို့အပြင် QR စနစ် ကို
ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသာမက ပုသိမ်မြို့နှင့် ရန်ကုန် -ပြည်-မကွေး
လမ်းမကြီးတစ်လျှောက်ရှိ ဆီဆိုင်များတွင် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။
.
“ဒီအစီအစဉ်ကတော့ စောင့်ကြည့်ရမှာပေါ့။ ကညန
အပွားတွေက ပြဿနာဖြစ်နေတာပါ။ ဆီဆိုင်နဲ့ ကညန ချိတ်ဆက်မှုကလည်း လိုအပ်ချက်တွေ
များပြားနေတုန်းပဲ” ဟု တောင်ကြီးမြို့နေ အိမ်စီးကား မောင်းနှင်သူ တစ်ဦးက ပြောသည်။
.
မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင်
ပေါင်း ၂၉၄၃ ဆိုင်ရှိသည့်အနက် ၈၇၉ ဆိုင်တွင် QR စနစ်ဖြင့်
ရောင်းချနေကြောင်း စွမ်းအင်၏ ထုတ်ပြန်ချက်အရ သိရသည်။
.



No comments:
Post a Comment